Monday 22 October 2012

ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီး၏ နှုတ်ခွန်းဆက်စကား


ကျွန်တော်တို့ ပြည်ပခရီးစဉ်တွေ တော်တော်သွားရပါတယ်။ ပြည်ပခရီးစဉ်ဆိုတာက အလုပ်ကိစ္စ နဲ့သွား ရတာ ပါသလို တစ်ချို့လဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ဖိတ်ကြားတဲ့ အတွက်ကြောင့် သွားရ တာတွေ လဲပါပါတယ်။ ပြည်ပခရီးစဉ်တွေကို သွားရတယ်ဆိုတာ မလွယ်ပါဘူး။ နားချိန် မရပါဘူး။ အင်မ တန်မှ လည်း ပင်ပန်းပါတယ်။ အထူးသဖြင့် နယူးယောက်ကို UN Assembly တက်ဖို့သွားတဲ့ ခရီးစဉ် အတွင်းဆိုရင် သုံးရက်လုံးလုံးဟာ နားခဲ့ရတဲ့အချိန် မရှိသလောက် များပါတယ်။



အဲဒီလိုသွားတဲ့ အခါမှာ ကျွန်တော်တို့ရောက်တဲ့ နိုင်ငံတွေမှာ သတင်းထောက်တွေ၊ မီဒီယာတွေ သူတို့တွေ ကလဲ တွေ့ချင်ပြုချင်တယ်ဆိုတော့ ကိုယ်ကလဲ ငြင်းလို့မကောင်းဘူး။ ဒီတော့ အားလုံးနီး ပါးလောက် ပဲ တွေ့လိုက်ပါတယ်။ တွေ့လိုက်တော့လဲ တချို့မေးခွန်းတွေက ဖြေရပြုရတာတွေ သိပ်အခက်အခဲ မရှိသလို တစ်ချိ့မေးခွန်းတွေကလည်း ဖြေရတာတွေ အကျပ်အတည်းတွေတွေ့တာတွေ၊ ခက်တာတွေ ကြုံတွေ့ ရပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် နယူးယောက်မှာ နောက်ဆုံးပိတ်မှာ BBC World News ကေ နပြီးတော့ မစ္စတာစတီဗင်ဆိုတာ အင်တာဗျုးလာပြီးတော့လုပ်ပါတယ်။ ဒါမျိုး အင်တာဗျုးကို ကျွန်တော် က တစ်ခါမှ မကြုံဖူးဘူး။ ရုပ်ရှင်ရိုက်နေသလိုပဲ။ မီးတွေက ထိုးနဲ့ မျက်နှာကိုမထားတတ်အောင်ဖြစ်ပါတယ်။


သူမေးတဲ့မေးခွန်းတွေက တော်တော်လေးကို ဖြေရခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်တိုင်းပြည် အ တွက် နိစ္စစဓူဝ လုပ်နေရတဲ့ ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့် အောင်အောင်မြင်မြင်နဲ့ဘဲ ဒါတွေ ကို ဖြေနိုင်ခဲ့ ပါတယ်။ ဖြေပြီးခါမှ ကျွန်တော်တို့သိရပါတယ်။ ဒီအင်တာဗျူးကို Hard Talk လို့ခေါ်ပါတယ်။ Hard Talk ဆိုတာကို ကျွန်တော်ကလဲ တစ်ခါမှမကြားဖူးဘူး။ အင်တာဗျူးတွေထဲမှာ အခက်ခဲဆုံးပဲ။ သာမန် ကျွန်တော် တို့အာရှက ခေါင်းဆောင်တစ်ချို့တောင်မှ ရှောင်ပါတယ်။ ကျွန်တော်ကလဲ Hard Talk ဆိုတာ ဘာမှန်းမသိလို့သာ တွေ့လိုက်ရတာ။ တကယ်ဆိုရင်တော့ ရှောင်ဖို့ကောင်းတာပေါ့။ သူ့မေး ခွန်းတွေက ဘယ်လိုပဲခက်ခက် ဖြေနိုင်ခဲ့ပါတယ်။

ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပနိုင်ငံတွေကို သွားတဲ့ အခါမှာ ကျွန်တော်ခုန ကပြောခဲ့ သလို ပြည်ပမီဒီယာတွေနဲ့ မကြာမကြာတွေ့တယ်။ ကိုယ့်ပြည်တွင်း မီဒီယာ တွေကိုတော့ မတွေ့ဖြစ် တာ တော်တော် ကိုကြာပါပြီ။ အဲဒီတော့ ပြည်တွင်းမီဒီယာတွေနဲ့လည်း တွေ့မယ် ဆိုပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးတွေ ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့ကို စီစဉ်ခိုင်းလိုက်ပါတယ်။



မီဒီယာဟာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ နားတွေ၊ မျက်စိတွေပဲ ဖြစ်ပါတယ်။ နားမျက် စိတွေ ဖြစ်တဲ့ အတွက်ေ ကြာင့် ခင်ဗျားတို့ရဲ့အမြင်၊ ခင်ဗျားတို့ရဲ့သဘောထားတွေ၊ နောက်တစ်ခါ ကျွန်တော် တို့ရဲ့အမြင်၊ ကျွန်တော် တို့ရဲ့သဘောထားတွေကို ဒါတွေကို နှစ်ဦးနှစ်ဖက် သိရှိနားလည်နေကြဖို့လိုပါတယ်။ ခင်ဗျားတို့ရဲ့ အမြင်၊ ခင်ဗျားတို့ရဲ့သဘောထားတွေ၊ ကျွန်တော်တို့ရဲ့ အမြင်၊ ကျွန်တော်တို့ရဲ့သဘောထားတွေကို ကျွန်တော် တို့ နှစ်ဦးနှစ်ဖက်သိနေရုံနဲ့ မပြီးသေးပါဘူး။ အရေးအကြီးဆုံးကတော့ ပြည်သူသိဖို့ အရေးကြီးပါ တယ်။ ပြည်သူ သိဖို့ကတော့ ပြည်သူသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့အဖွဲ့တွေဖြစ်တဲ့ ခင်ဗျားတို့ အဖွဲ့တွေပဲ ဖြစ် ပါတယ်။

ဒီကနေ့ ကျွန်တော်တို့အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာနဲ့ ပေါင်းစပ်မှသာ ပိုမိုပြီးတော့ ထိရောက်အောင်မြင်မယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။ ဒါကြောင့်မို့ မီဒီယာကို မကြောက်ဖို့၊ မီဒီယာတွေက သိချင်တာတွေ၊ မေးတာတွေကို စိတ်ရှည်သည်းခံပြီးတော့ မှန်မှန် ကန်ကန်နဲ့ ဖြေကြားပေးဖို့၊ ဒါတွေကို ဝန်ကြီးဌာနတွေကို မကြာခဏ ကျွန်တော် သတိပေးထားပါတယ်။

ကျွန်တော်တို့အစိုးရ ဒီကနေ့ဘာတွေလုပ်နေသလဲ၊ ဘယ်လိုတွေလုပ်နေသလဲ၊ ဒီလုပ်ငန်းတွေကို ဘာကြောင့် ကျွန်တော်တို့လုပ်နေသလဲ၊ နောက်တစ်ခုကတော့ ကျွန်တော်တို့တွေ ဒီလုပ်ငန်းတွေကို လုပ်ရင်း ကိုင်ရင်း ပြုပြင်ပြောင်းလဲရင်းနဲ့ ကျွန်တော်တို့ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒီအတွေ့အကြုံတွေ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်နေရသလဲဆိုတာတွေ၊ ဒါတွေကို ပထမဦးဆုံး အနေနဲ့ မီဒီယာအဖွဲ့တွေက သိထားမှ ဒါကိုဝေဖန်နိုင်မယ်၊ အကြံပေးနိုင်မယ်၊ နောက်တစ်ခါ ပြည်သူတွေကို အသိပေးနိုင်မယ်၊ ပြည်သူတွေကို အသိပေးနိုင်မှ ပြည်သူတွေက ဝေဖန်မယ်၊ အကြံပေးမယ်၊ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့အစိုးရက ကောင်းသည်ထက်ကောင်းအောင် လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကိုသိဖို့အတွက် မီဒီယာကနေတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့ အတွက်ကြောင့် မီဒီယာတွေဟာ ကျွန်တော်တို့အစိုးရအတွက်ကတော့ အရေးကြီးတဲ့ ဆက်သွယ်ရေး ယန္တရား တစ်ခုဖြစ်တယ်လို့ ခံယူထားပါတယ်။

ပြည်သူတွေဆီက သတင်းတွေကိုလည်း၊ နောက်ပြီးတော့ ပြည်သူတွေဆီက အချက် အလက်တွေ ကိုလည်း ပြည်သူတွေကြားထဲဝင်ပြီးတော့မှ ထဲထဲဝင်ဝင်နဲ့ ဝင်ရောက်ပြီးတော့မှ ရယူရမှာဖြစ်သလို ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သတင်းတွေ၊ အစိုးရအဖွဲ့ရဲ့ သတင်းအချက်အလက်တွေ ဒါတွေကိုလည်း ဝန်ကြီး ဌာနတွေကို ဝင်ရောက်ပြီးတော့မှ ရယူရမှာဖြစ်တဲ့ အတွက်ကြောင့်၊ ဟိုတုန်းကတော့ ဝန်ကြီးဌာ နတွေကလည်း မီဒီယာဆိုတာ တော်တော်လေးကြောက် တယ်၊ ကျွန်တော်လဲ အပါအဝင်ပေါ့၊

အခုတော့ ကျွန်တော်အားပေးထားပါတယ်၊ ငါလဲမကြောက်တော့ဘူး၊ မင်းတို့လဲ မကြောက်ကြနဲ့၊ မေးသမျှကို မင်းတို့ မှန်မှန်ကန်ကန်သာဖြေပေးပါဆိုပြီးတော့ ဒီအတိုင်း ကျွန်တော်ပြော ထားတယ်၊ မယုံရင်လဲ ဟောဒီမှာ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ကိုသာ မေးကြည့် ပေတော့၊ ဘာကြောင့် လဲ ဆိုတော့ ဒီ Hard Talk လိုဟာတွေ့ပြီးမှတော့ ကျန်တာတော့ သိပ်တော့ မကြောက်တော့ဘူး၊ ဝန်ကြီးဌာ နတွေကိုလဲ ကျွန်တော်ပြောထားပြီးဖြစ်ပါတယ်။ ပြည်သူလူထုထဲက သတင်းတွေကိုလဲ ထဲထဲဝင်ဝင် နဲ့ဝင်ရောက် ရယူပြီးတော့မှ အစိုးရအဖွဲ့ကို ပြောကြားသလို၊ အသိပေးသလို၊ အကြံဉာဏ်ပေး သလို၊ ဝေဖန် တာတွေလုပ်ဆောင်ပေးသလို ကျွန်တော်တို့အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း ပြည်သူတွေ အတွင်း မှာ မှန်မှန်ကန်ကန်သိရှိနိုင်ဖို့အတွက် မီဒီယာတွေ က ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
 စပြီး မေးနိုင်ပါပြီ။

No comments:

Post a Comment