
၂၀၁၂ ခုနှစ် နွေရာသီက ဓာတ်အားလိုအပ်ချက်သည် ၁၈၀၀ မဂ္ဂါဝပ်ရှိသော်လည်း အမြင့်ဆုံး ထုတ်လုပ်နိုင် မှုသည် ၁၄၀၅ မဂ္ဂါ ၀ပ်သာရှိခြင်းကြောင့်ပြည်သူများအား လျှပ်စစ်မီးအပြည့်အ၀ရရှိရန် စက်ရုံ၊ အလုပ်ရုံ များအား ၁၃ ရက်ကြာ မီးဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး အချိန်ပိုင်းမီးပေးစနစ် အသုံးပြုခဲ့ကြောင်း သိရှိ သည်။ “လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင် မီးက ၂၄ နာရီလာဖို့အရမ်းလိုအပ်တယ်။ ရေထွက်ပစ္စည်းတွေ ဆိုတာ မီး မလာရင် ဒုက္ခရောက်တယ်။ ကိုယ့်နိုင်ငံက သူများနိုင်ငံနဲ့ ယှဉ် ရင်ထုတ်လုပ်မှုစရိတ်ကြီးတယ်။
မီးပျက်ရင် ထုတ်လုပ်မှုက လျော့ကျ တဲ့အတွက်ကြောင့် သူများနိုင်ငံနဲ့ ယှဉ်ရင်နိမ့်ကျတယ်။ စက်မှုဇုန် တွေက ပိုဆိုးတယ်”ဟု ရေထွက် ပစ္စည်းပို့ကုန်လုပ်ငန်းရှင်ဒေါတိုး နန္ဒာတင်ကပြောသည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အား မီးအပြည့်အ၀ပေးနိုင်ရန် အတွက် ဓာတ်အားပေးမှုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများပါ ၀င်ကာ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သော ရွှေ စွမ်းအင် ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်၊ ထိုင်းနိုင်ငံ Toyo Thai ကုမ္ပဏီမှ ၁၂၀ မဂ္ဂါဝပ်၊ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ Zeya and Associated မှ ၅၀ မဂ္ဂါဝပ်၊ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီမြန်ရွှေပြည်မှာ ၅၀ မဂ္ဂါဝပ် နှင့် ဖက်စပ်ကုမ္ပဏီCIC Co., Ldt မှ ၅၀ မဂ္ဂါဝပ် တို့ကို ရွှေလီ ရေ အား လျှပ်စစ် ဓာတ်အားပေးစက် ရုံ၊ သောက်ရေခပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ အလုံ ဓာတ်အားပေး
စက်ရု၊ံ လှော်ကားဓာတ်အားပေးစက်ရုံ၊ ရွာမဓာတ် အားပေးစက်ရုံနှင့်သာကေတဓာတ် အားပေးစက်ရုံတို့တွင် ၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်မတိုင်မီအသီးသီးတိုးချဲ့ ထုတ်လုပ်သွား မည်ဖြစ် ကြောင်းသတင်းရရှိသည်။
The Hot News
No comments:
Post a Comment