အမေရိကန်နိုင်ငံတွင် ခရစ္စမတ် နှစ်သစ်ကူးကာလအတွင်း မုန်တိုင်း တိုက်ခတ်မှုနှင့် ဆီးနှင်းအများအပြား ကျရောက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ဒေသခံ တစ်သိန်းကျော်မှာ လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု ကြုံတွေ့ရကြောင်း The Wall Street Journal သတင်းက ပြောကြားသည်။ မုန်တိုင်းနှင့် ဆီးနှင်းထူထပ်မှုကြောင့် ခရစ္စမတ်ကာလ ခရီးသွားသူများမှာ လေယာဉ်ခရီးစဉ် နှောင့်နှေးမှုများ ကြုံတွေ့ရသည်။ ကြုံတောင့်ကြုံခဲ ဆောင်းတွင်းကာလ မုန်တိုင်း တိုက်ခတ်မှုကြောင့်
လူဝီစီးနီးယား၊ မစ္စစ္စပီနှင့် အလာဘာမားပြည်နယ် တို့တွင် အဆောက်အအုံ
ပျက်စီးများရှိခဲ့သည်။ ထို့အတူ အီလီနွိုက်စ်ပြည်နယ်နှင့် အင်ဒီယာနာပြည်နယ် တောင်ပိုင်းတို့တွင်လည်း ဆီးနှင်းများ အလွန်အမင်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။
Photo: AFP ImageForum
Planet Myanmar Network
Photo: AFP ImageForum
Planet Myanmar Network
No comments:
Post a Comment