
ဆလင်ဒါ ၈လုံးပူး ဓာတ်ဆီအင်ဂျင်အပြင် ၁၆ မိုင် မနားတမ်းသွားလို့ရမယ့် ဘက်ထရီလည်းပါရှိပါသေး တယ်။ အိတ်ဇောထွက်ရှိမှုကို အနည်းနိုင်ဆုံး ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ နောက်ခန်းက ထိုင်တဲ့ ပတ်ပတ်လည် မှန်ဘောင်တွေက ကျည်ကာမှန်တွေ ဖြစ်ပါတယ်။ လုံခြုံရေး အဆင့်မြင့်ကားပဲ ဖြစ်ပါတယ်။ ဗုံးဖောက်ခွဲလို့ မရအောင်လည်း အဆင့်မြင့်သတ္တုတွေကို အသုံးပြုထားပါတယ်။ ပြည်သူများရှေ့ ကို တစ် နာရီ ၆ မိုင်နှုန်း အဖြေးသွား နိုင်ပြီး အမြန်တစ်နာရီ မိုင် ၁၆၀ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ကပ်သလစ်ချာ့ခ်ျရဲ့  ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ Pope Benedict XVI ဟာ ကမ္ဘာ့ခရစ်ယာန်ဘာသာ ရပ်ဝန်းမှာ သြဇာကြီးသူ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အန္တရာယ် အထူးကာကွယ် ပေးထားရပြီး ကားပေါ်မှာ လည်းအနည်းဆုံး ကိုယ်ရံတော် တစ်ဦးလိုက်ပါမှာ ဖြစ်ကြောင်း သိရပါ တယ်။
--
Ref: telegraph
ColayOnline:Automobile
No comments:
Post a Comment