Thursday, 27 December 2012

GSM ဖုန်းကို တစ်သိန်း ၂ သောင်း ဖြင့် ဇန်န၉၀ါရီလ က စပြီး ရောင်းချမည်။

လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ်ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။


ဒီဈေးနှုန်းကို မြန်မာ့ဆက်သွယ်ရေးကနေ တရားဝင် ထုတ်ပြန်ကြေငြာတာတော့ မရှိသေး ပါဘူး။ ရောင်း ချမယ့် ရက်ကို လာမယ့်ဇန်န၀ါရီ (၈) ရက်လို့ အကြမ်းဖျဉ်းသတ်မှတ်ထားပေမယ့် ဒီထက် စောချင် လည်း စောနိုင်တယ်လို့ သူကပြောပါတယ်။ ဆင်းကဒ်ရောင်းချဖို့ မြန်မာ့ဆက်သွယ်ရေး အရောင်း ဌာန တွေကိုပဲ ပြင်ဆင်ထားရာကနေ အရင်ဆင်းကဒ်တွေ ရောင်းခဲ့တုန်းကလို မိုဘိုင်းဖုန်းလုပ်ငန်း ကုမ္ပဏီတွေ ကိုပါ ခွဲဝေ ရောင်းခိုင်းဖို့ အစီအစဉ်လည်း ရှိတယ်လို့ ဦးဌေးဝင်းက ဆိုပါတယ်

No comments:

Post a Comment