
“ငွေလဲလှယ်ခွင့်ရ ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့နှုန်းထားရဲ့ +၀.၈% သို့မဟုတ် -၀.၈% အတွင်း ရောင်းဝယ်နိုင်တယ်။ အဓိက က ဗဟိုဘဏ်ရဲ့ထုတ်ပြန်တဲ့ နှုန်းထား မြှင့်လို့ပါ။ ဗဟိုဘဏ်ကလည်း ဝယ်လိုအား ရှိနေလို့၊ ဝယ်လိုအား ရှိနေတာကြောင့် ထုတ်ပြန်တဲ့နှုန်း ထား မြှင့်တာ ဖြစ်နိုင်ပါတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ ဒုတိယ ဒါရိုက်တာ ဦးသက်လွင်ရွှေ က သုံးသပ်သည်။ငွေကြေးဈေးကွက်တွင် ဝယ်ဈေး ၈၄၇ ကျပ်မှ ၈၅၂ ကျပ် အထိ၊ ရောင်းဈေး ၈၅၄ ကျပ်မှ ၈၅၈ ကျပ်အထိ ဈေးမြှင့်လာခဲ့ခြင်း ဖြစ်သည်။
ပြင်ပ ဈေးကွက်အနေဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဝယ်ဈေး ၈၅၄ ကျပ်နှင့် ရောင်းဈေး ၈၅၅ ကျပ်၊ ၂၄ ရက်နေ့တွင် ဝယ်ဈေး ၈၅၂ ကျပ်နှင့် ရောင်းဈေး ၈၅၄ ကျပ်၊ ၂၆ ရက်တွင် ဝယ်ဈေး ၈၅၂ ကျပ်နှင့် ရောင်းဈေး ၈၅၄ ကျပ်ဖြစ်ပြီး ၂၇ ရက်နေ့တွင် ဝယ်ဈေး ၈၅၄ ကျပ်နှင့် ရောင်းဈေး ၈၅၆ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည်။
မဇ္ဈိမ
No comments:
Post a Comment