Thursday 27 December 2012

ကမ္ဘာ့အကြီးမား အခမ်းနားဆုံး နှစ်သစ်ကူး ပွဲတော်ကြီး ဒူဘိုင်းမြို့တွင် ကျင်းပမည်

ကမ္ဘာ့အကြီးမား အခမ်းနားဆုံး နှစ်သစ်ကူး ပွဲတော်ကြီး ဒူဘိုင်းမြို့တွင် ကျင်းပမည်
 
မြင်ကွင်း ရောင်စုံဖြင့် ကြီးကျယ် ခမ်းနားစွာ ခင်းကျင်းထားသော ကမ္ဘာ့ အခမ်းနားဆုံး နှစ်သစ်ကူး ပွဲတော်ကြီး ကို ဒူဘိုင်းမြို့တွင် ၂ဝ၁၃ ခုနှစ်ကို ကြိုဆိုသည့် အနေဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဒူဘိုင်းမြို့၏ နှစ်သစ်ကူး အကြိုပွဲတော် အခမ်းအနား အစီအစဉ် များတွင် အတုမရှိ အံ့ မခန်း ဖျော်ဖြေ တင်ဆက်မှု များနှင့် အတူ ဧည့်သည်ပေါင်း တစ်သန်းကျော်၏ အာရုံကို ဖမ်းစား၍ လက်ခံ ကျင်းပသွားရန် မျှော်မှန်းထားသည်။

အဆိုပါ ပွဲတော်သည် အရောင်အသွေး စုံလင်စွာဖြင့် စီစဉ် တင်ဆက်မှု များတွင် အကြီးမား ဆုံးသော အဆို၊ အက ပွဲများနှင့် ပိုမို ပေါ်လွင် ထင်ရှားနေ မည် ဖြစ်ပြီး ၎င်းတင်ဆက်မှု အစုစုသည်ပင် ကမ္ဘာ တစ်ဝန်းမှ ဧည့် သည်များအား ဆွဲဆောင် သွားနိုင်ဖွယ် ရှိလေသည်။ 

ဒူဘိုင်း မြို့လယ်ကောင်တွင် Emaar အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီကြီးမှ ကြီးမှူး ကျင်းပမည့် ယင်းနှစ်သစ်ကူး အကြို ပွဲတော်ကြီး ညနေပိုင်း အချိန်၌ ယဉ်ကျေးမှု ဆိုင်ရာ တေးဂီတ၊ အက ဖျော်ဖြေမှု များနှင့်အတူ နိုင်ငံ့ အလံကို လွှင့်ထူသွားမည် ဖြစ်သည်။ 

ထို့ပြင် တေးဂီတ ဝါသနာ အိုးများသည် ဥရောပ တေးဂီတ လောက၏ အကျော် ကြားဆုံး အနက် တစ်ခု အပါအဝင် ဖြစ်သော Prague Philharmonic သံစုံ တီးဝိုင်း၏ ဖျော်ဖြေမှုများ ကိုလည်း အထူး အစီအစဉ် တစ်ရပ် အနေဖြင့် ထည့် သွင်းထားသည်။ 

၎င်းတီးဝိုင်းတွင် ကမ္ဘာ့ အကျော်ကြားဆုံး တေးဂီတ ပညာရှင်များက Burj Khalifa အဆောက် အအုံအား မျှော်ကြည့်နိုင်သော Burj Steps တွင် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။ ၎င်း ပွဲတော်ကြီးတွင် ပထမ ဦးစားပေး အနေဖြင့် Burj Lake ကန်ကြီးအား အထူး အသားပေး ပြသွားမည် ဖြစ် ပြီး မီးအလင်းရောင်၊ ရေပြင်နှင့် မီးပုံ ပွဲတို့၏ ပနံရ တင့်တယ် လှပမှုကိုလည်း အထူး ဦးစားပေး ပြသွားမည် ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2903-2012-12-27-08-50-48မြင်ကွင်း ရောင်စုံဖြင့် ကြီးကျယ် ခမ်းနားစွာခင်းကျင်းထားသော ကမ္ဘာ့ အခမ်းနားဆုံး နှစ်သစ်ကူးပွဲတော်ကြီးကို ဒူဘိုင်းမြို့တွင် ၂ဝ၁၃ ခုနှစ်ကို ကြိုဆိုသည့်အနေဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဒူဘိုင်းမြို့၏ နှစ်သစ်ကူး အကြိုပွဲတော် အခမ်းအနား အစီအစဉ် များတွင် အတုမရှိ အံ့မခန်း ဖျော်ဖြေတင်ဆက်မှုများနှင့် အတူ ဧည့် သည်ပေါင်း တစ်သန်းကျော်၏ အာရုံကိုဖမ်းစား၍ လက်ခံ ကျင်းပသွား ရန် မျှော်မှန်းထားသည်။

အဆိုပါ ပွဲတော်သည် အရောင်အသွေး စုံလင်စွာဖြင့် စီစဉ် တင်ဆက်မှု များတွင် အကြီးမား ဆုံးသော အဆို၊ အက ပွဲများနှင့် ပိုမို ပေါ်လွင် ထင်ရှားနေ မည် ဖြစ်ပြီး ၎င်းတင်ဆက်မှု အစုစုသည်ပင် ကမ္ဘာတစ်ဝန်းမှ ဧည့် သည်များအား ဆွဲဆောင် သွားနိုင်ဖွယ် ရှိလေသည်။

ဒူဘိုင်း မြို့လယ်ကောင်တွင် Emaar အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီကြီးမှ ကြီးမှူးကျင်းပမည့် ယင်းနှစ်သစ်ကူးအကြို ပွဲတော်ကြီး ညနေပိုင်းအချိန်၌ ယဉ်ကျေးမှုဆိုင်ရာ တေးဂီတ၊ အက ဖျော်ဖြေမှု များနှင့်အတူ နိုင်ငံ့အလံကို လွှင့်ထူသွားမည် ဖြစ်သည်။

ထို့ပြင် တေးဂီတ ဝါသနာ အိုးများသည် ဥရောပ တေးဂီတ လောက၏ အကျော် ကြားဆုံးအနက် တစ်ခု အပါအဝင် ဖြစ်သော Prague Philharmonic သံစုံ တီးဝိုင်း၏ ဖျော်ဖြေမှုများ ကိုလည်း အထူး အစီအစဉ် တစ်ရပ် အနေဖြင့် ထည့် သွင်းထားသည်။

၎င်းတီးဝိုင်းတွင် ကမ္ဘာ့အကျော်ကြားဆုံး တေးဂီတပညာရှင်များက Burj Khalifa အဆောက် အအုံ အား မျှော်ကြည့်နိုင်သော Burj Steps တွင် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။ ၎င်း ပွဲတော်ကြီးတွင် ပထမ ဦးစားပေးအနေဖြင့် Burj Lake ကန်ကြီးအားအထူး အသားပေးပြသွားမည် ဖြစ် ပြီး မီး အလင်းရောင်၊ ရေပြင်နှင့် မီးပုံပွဲတို့၏ ပနံရတင့်တယ် လှပမှုကိုလည်းအထူး ဦးစားပေး ပြသွား မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment