Thursday 27 December 2012

ကျေးဇူးဆပ်သည့်ပွဲ ၁၂ နှစ်ပြည့် နှစ်ပတ်လည်

၁.၁.၂၀၀၁ ရက်နေ့မှစတင်၍ ဖွဲ့စည်းထူထောင်ခဲ့သော နာရေးညီမှု အသင်း(ရန်ကုန်) တည်ထောင် ခြင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် (အင်္ဂါနေ့) တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။  အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ ရန်ကုန် မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် (၉း၀၀) နာရီအချိန်မှစတင်၍ မျက်စိခွဲစိတ်ခန်း၌ မျက်စိခွဲစိတ်ပြီး မျက်စိဝေဒနာရှင်တို့အား စက္ခုအလင်း ပြန်လည်မြင်နိုင်ရန်အတွက် ခွဲစိတ်ထားသော လူနာများ၏မျက်လုံး အား ဖုံးအုပ်ထားသော ဂွမ်းပတ်တီး ဖြည်ပေးခြင်းဖြင့် (၁၂) နှစ်ပြည့် အခမ်းအနားအား ထူးခြားစွာ စတင်ဖွင့် လှစ်သွားမည်ဖြစ်သည်။ 
နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် အများနည်းတူ အခမ်းအနားဖွင့်လှစ်ခြင်းအား ဖဲကြိုးဖြတ်ဖွင့် လှစ်ခြင်း၊ ပူဖေါင်းလွှတ်၍ ဖွင့်လှစ်ခြင်းတို့ဖြင့် ဖွင့်လှစ်သော အခမ်းအနားမျိုးမဟုတ်သည်ကား ….ပထမ ထူးခြားချက်။
နံနက် (၉း၀၀) နာရီအချိန်တွင် အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် သုခကုသိုလ်ဖြစ်ဆေး ခန်းများ ၏ (အခမဲ့) ကုသပေးမှုပြခန်းများ၊ သုအလင်း စာကြည့်တိုက်နှင့် ပညာရေးလှုပ်ရှားမှုပြခန်းများ၊ အမှတ်တရ ပစ္စည်းများ ရောင်းချခြင်းတို့အပြင် အများပြည်သူတို့ မေ့လျောါနေကြသော အနိစ္စတရားကို အသိသတိ ရှိနေစေရန်နှင့် ကုလိုလ်ကောင်းမှုများအား စဉ်ဆက်မပြတ်လုပ်ဆောင်ကြရန် သတိပေးလိုက် သော “အနိစ္စတရားထံသို့ အလည်အပတ်သွားခြင်း” ပြခန်းသည်ကား ….ဒုတိယထူးခြားချက်။ 

မွန်းလွဲပိုင်း (၁း၀၀) နာရီအချိန်တွင် လူမှုရေးဂီတသူရဲကောင်းများ၏ ဖျော်ဖြေမှုများနှင့် မြန်မာပြည် တွင် တစ်ကြိမ်တခါမှမပြုလုပ်ဖူးသော “လူမှုရေးအော်စကာ” ဆုချီးမြှင့်ခြင်း အခမ်းအနားအား တတိယ ထူးခြား ချက်အနေဖြင့် ပါဝင်မည်ဖြစ်သည်။ စတုတ္ထထူးခြားချက်မှာ လူမှုရေးသမားများ၏ လူမှု သံချပ် ဖျော်ဖြေခြင်းဖြစ်သည်။ 
လူမှုသံချပ်ဖျော်ဖြေမှုတွင် နာရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ပက်သက်သော သံချပ်ပညာရှင်ကြီးများ၏ သံချပ်စကားလုံး၊ သံချပ်ထိုးစစ်၊ သံချပ်တိုက်စစ်တို့ဖြင့် ကြွရောက်လာကြသော ဧည့်ပရိသတ် အပေါင်း တို့၏ နှလုံးသားကို ထိုးဆွမည့်ကဏ္ဍတစ်ခု ဖြစ်သည့်အပြင် ကမ္ဘာတလွှား ခေတ်စားနေသော (psy) ဂန်းနမ်း စတိုင်သီချင်းအား “နာရေးစတိုင်” ဟူ၍ လူမှုရေးသမားတို့မှ အများပြည်သူတို့အားအကျိုး ရှိစေမည့် အသိ တရားရရှိစေမည့် စာသားများဖြင့် ဖော်ကျူးသီကုံးထားသည့် ပျော်ရွှင်မြူးထူးစွာ ကပြ ဖျော်ဖြေကြမည်ဖြစ်သည်။ 
 ပဉ္စမထူးခြားချက်မှာ ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ဘဘ ဦးသုခ၏ ဂုဏ်ပုဒ်အားဖော်ထုတ်ပြီး “ဘယ်သူလဲ” အမည်နာမဖြင့် ဘဘ ဦးသုခရေးသားခဲ့သည့် ဝတ္ထုတိုတစ်ပုဒ်အား အနုပညာရှင်များနှင့် လူမှုရေးသမားများ လက်တွဲပူးပေါင်းကာ ဘဘ ဦးသုခ အား ကျေးဇူးဆပ်မည့် ပြဇာတ်တစ်ပုဒ်လည်းဖြစ်သည်။ 

ယင်း (၁၂) နှစ်ပြည့်အခမ်းအနားအား မြတ်ဗုဒ္ဓဟောကြားထားခဲ့သော ဗြဟ္မစိုရ်တရားလက်ကိုင်ပြုပေးဆပ်   နေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏   မြတ်ဗုဒ္ဓအား ကျေးဇူးဆပ် သည့် ပွဲဖြစ်သည့်အပြင် ကျေးဇူးရှင် ဘဘ ဦးသုခအားလည်း ကျေးဇူးဆပ်သည့်ပွဲ ဖြစ်သလိုအများ  ပြည်သူ တို့အား ကူညီဖေးမမှုများပြုလုပ်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသော မိဘ ပြည်သူ အလှူ ရှင်အပေါင်းတို့အားလည်း ကျေးဇူးဆပ်သော ပွဲကြီးတစ်ခုဖြစ်ပေသည်။
 ထို့ကြောင့် ထူးခြားချက် (၅) ချက်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးသမားများနှင့် အနုပညာ ရှင်တို့ ပူပေါင်းတင်ဆက်မည့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းတည်ထောင်ခြင်း (၁၂) နှစ်ပြည့် အခမ်းအနားအား နှစ်သစ်ကူး အချိန်အခါသမယ၌ နှစ်သစ်ကိုမင်္ဂလာရှိစွာ ကြိုဆိုကြပါရန် လေးစားစွာဖြင့် အများပြည်သူတို့်အား လေးစားစွာဖိတ်ကြားအပ်ပါသည်။ 
from..ဧရာဝတီ Blog

No comments:

Post a Comment