Thursday 27 December 2012

ထိုင်းနည်းပညာသုံး မီးသင်္ဂြိုဟ်စက် ရွှေတောင်မြို့တွင် တည်ဆောက်


ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ရွှေတောင်မြို့တွင် ပရဟိတနာရေးကူညီမှုအသင်းကဦးဆောင် ပြီး ရွှေတောင်မြို့၏ ပထမဆုံးမီးသင်္ဂြိုဟ်စက်ကို ဒရယ်ချောင်းသုသာန်တွင် စက်ကိရိယာမသုံးဘဲ ထိုင်း
နည်းပညာသုံးကာ ဆောက်လုပ်ပြီး ဖြစ်ကြောင်း တာဝန်ယူ ဆောက်လုပ်သူ ဦးလှကြိုင် က ပြောကြား သည်။

နည်းပညာကို မြိတ်မြို့မှ ဦးဘိုနီက လှူဒါန်း ခဲ့ပြီး ၄င်း မီးသဂြိင်္ုလ်စက်တွင်လောင်စာ အနေနှင့် ထင်းကို အသုံး ပြုရကြောင်း လောင်ကျွမ်းချိန် တစ်နာရီ သာ လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ဒီဇယ် ၅ ဂါလံ ကုန်ကျသော ဒီဇယ်မီးသင်္ဂြိုဟ်စက် နှင့်ယှဉ်လျှင် ကုန်ကျစရိတ်သက်သာသော ယင်း နည်းပညာကို ရန်ကုန်မြို့ နာရေးကူညီမှု အသင်းသို့လှူဒါန်းသွားရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ ခေါင်းသေတ္တာမလိုသောကြောင့် လက်ရှိအသုံးပြုနေသော ကျင်းတူး မြေမြုပ်သည့်စရိတ်နှင့် ယှဉ်လျှင် ၂ဆ ပိုမိုသက်သာကြောင်း ရွှေတောင်ပရဟိတ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်စိုးက ပြောပြသည်။

စေတနာ ရှင်များလှူဒါန်းမှု ဖြင့် တည်ဆောက်ခဲ့သော မီးသင်္ဂြိုဟ်စက် သည် သိန်း(၈၀)ခန့် ကုန်ကျခဲ့ပြီး ၄င်း နည်းပညာသုံး မီးသင်္ဂြိုဟ်စက်ကို ဥသျှစ်ပင်မြို့၊ ထုံးဘိုမြို့တို့တွင် အသုံးပြု နေပြီး ပုတီးကုန်းမြို့တွင် လည်း ဆောက်လုပ်ပြီးစီး နေပြီ ဖြစ်ကြောင်း တည်ဆောက်သူဦးလှကြိုင်က ပြောသည်။

The Voice Weekly

No comments:

Post a Comment