Thursday 27 December 2012

ရန်ကုန်လေဆိပ်မှနိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ငါးသိန်းဝန်းကျင်ရှိလာ

Photo: ရန်ကုန်လေဆိပ်မှနိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု
ငါးသိန်းဝန်းကျင်ရှိလာ
Thursday, 27 December 2012

ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်များ ပြည်တွင်းသို့ ဝင်ရောက်မှု
မြင့်တက်လာခဲ့ရာ ရန်ကုန်လေဆိပ် တစ်ခုတည်းမှ ခရီးသွားများ လာရောက်မှုသည် ငါးသိန်းဝန်းကျင်သို့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ်မှ စုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်း ပြည်ပခရီးသွား ဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာများ ထုတ်ပေးခဲ့ခြင်း၊ ကမ္ဘာသုံး ဗီဇာကတ်များ သုံးစွဲခွင့်ပြုပေးခြင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲ ပေးခဲ့ခြင်းနှင့်
နိုင်ငံခြားခရီးသွား ဧည့်သည်များ မျက်စိကျလာစေရန် ဆွဲဆောင်မှုများ
ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခရီးသွားလာသူများ ယခင်နှစ်ကထက်
မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဦးတင်ထွန်းအောင်က ပြောကြားသည်။

" ပြည်ပကခရီးသွားတွေ ဒီနှစ်လာတာ အရင်ကထက်များတယ်၊ လာတဲ့သူတွေထဲမှာ အစုံပါတယ်၊ အလည်လာတဲ့ သူလဲပါတယ်၊ ကျွန်တော်တို့ ဆီကရေမြေ တောတောင်သဘာဝကို လာလေ့လာ မှတ်တမ်းတင်တာတွေ လဲပါတယ်၊ အသစ်တည်ဆောက်မယ့် စီးပွားရေး အထူးဇုန်တွေနဲ့ စီးပွားရေး စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံမယ့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေလဲ လာတယ်၊ ဒါကလဲဆွဲ ဆောင်မှုရှိလို့ပါ၊ ဖွံ့ဖြိုးလာတော့မယ့် အရိပ်အယောင်ပါ" ဟု စည်တော်ဝန် ခရီးသွားလုပ်ငန်းမှ ဦးမင်းနိုင်က ရှင်းပြသည်။

ရန်ကုန်လေဆိပ်မှ လာရောက်သူ အများစုသည် စီးပွားလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူက ပိုများပြီး ယခင်နိုဝင်ဘာလ တစ်လတည်းတွင် တစ်သိန်းကျော်လာ ရောက်ခဲ့ကြောင်း၊ ထိုသို့ ရန်ကန်လေဆိပ်မှ ဝင်ရောက်သူ ခရီးသည်များတွင် အာရှတိုက်မှ အများဆုံးဖြစ်သည်။ ဒုတိယအများဆုံး လိုက်သောနိုင်ငံများမှာ အနောက်ဥရောပ
နိုင်ငံများဖြစ်ပြီး မြောက်အမေရိက နိုင်ငံများမှ လာရောက်သူသည် တတိယနေရာ လိုက်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်မှ မှတ်တမ်း တင်ထားသော စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၁ခုနှစ် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုသည် လူဦးရေ သုံးသိန်းကျော်ရှိပြီး ယခု၂၀၁၂ ခုနှစ် ကာလတူစာရင်းများ အရ ဧည့်သည်ဝင်ရောက်မှုသည် ငါးသိန်းဝန်းကျင်သို့ တိုးတက်လာခဲ့ကြောင်း သိရှိရသည်။

အောင်ကိုကို
The Myanma Ageယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည်များ ပြည်တွင်းသို့ ဝင်ရောက်မှုမြင့်တက်လာခဲ့ရာ ရန်ကုန်လေဆိပ် တစ်ခုတည်းမှခရီး သွား များလာရောက်မှုသည် ငါးသိန်းဝန်းကျင်သို့ရောက်ရှိလာ ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ်မှ စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း ပြည်ပခရီးသွား ဧည့်သည်များအတွက် ဆိုက်ရောက် ဗီဇာများ ထုတ်ပေးခဲ့ခြင်း၊ ကမ္ဘာသုံး ဗီဇာကတ်များ သုံးစွဲ ခွင့်ပြုပေးခြင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေ သစ်ကို ပြင် ဆင်ရေး ဆွဲ ပေးခဲ့ခြင်းနှင့်နိုင်ငံခြားခရီးသွား ဧည့်သည်များ မျက်စိ ကျ လာစေရန် ဆွဲဆောင်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခရီးသွား လာသူများ ယခင်နှစ်ကထက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဦးတင်ထွန်းအောင်က ပြောကြားသည်။
" ပြည်ပကခရီးသွားတွေ ဒီနှစ်လာတာ အရင်ကထက်များတယ်၊ လာတဲ့သူတွေထဲမှာ အစုံပါတယ်၊ အလည် လာတဲ့ သူလဲပါတယ်၊ ကျွန်တော်တို့ ဆီကရေမြေ တောတောင်သဘာဝကို လာလေ့လာမှတ်တမ်းတင် တာတွေလဲပါတယ်၊ အသစ်တည်ဆောက်မယ့် စီးပွားရေး အထူးဇုန်တွေနဲ့ စီးပွားရေး စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံမယ့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေလဲလာတယ်၊ ဒါကလဲ ဆွဲဆောင်မှုရှိလို့ ပါ၊ ဖွံ့ဖြိုးလာတော့မယ့် အရိပ်အယောင်ပါ" ဟု စည်တော်ဝန် ခရီးသွားလုပ်ငန်းမှ ဦးမင်းနိုင်က ရှင်းပြသည်။

ရန်ကုန်လေဆိပ်မှ လာရောက်သူ အများစုသည် စီးပွားလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူက ပိုများပြီး ယခင်နိုဝင်ဘာလ တစ်လတည်းတွင် တစ်သိန်းကျော်လာ ရောက်ခဲ့ကြောင်း၊ ထိုသို့ ရန်ကန်လေဆိပ်မှ ဝင်ရောက်သူ ခရီးသည်များတွင် အာရှတိုက်မှ အများဆုံးဖြစ်သည်။ ဒုတိယအများဆုံး လိုက်သောနိုင်ငံများ မှာ အနောက်ဥရောပနိုင်ငံများဖြစ်ပြီး မြောက်အမေရိက နိုင်ငံများမှ လာရောက်သူသည် တတိယနေရာ လိုက်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်မှ မှတ်တမ်း တင်ထားသော စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၁ခုနှစ် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှုသည် လူဦးရေ သုံးသိန်းကျော်ရှိပြီး ယခု၂၀၁၂ ခုနှစ် ကာလတူစာရင်းများ အရ ဧည့် သည ဝင်ရောက် မှုသည် ငါးသိန်းဝန်းကျင်သို့ တိုးတက်လာခဲ့ကြောင်း သိရှိရသည်။

The Myanma Age

No comments:

Post a Comment