Monday 31 December 2012

AH -64 အပါချီ

AH -64 အပါချီ

အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်စစ်တပ်၏ အားထားရသော အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး ရဟတ်ယာဉ်ပင်ဖြစ်သည်။ အမေရိကန်တပ်မတော်၏ လက်ရှိဆင်နွှဲနေသော အကြမ်းဖက်သမားများ ချေမှုန်းရေးတာဝန်များတွင် တာဝန်ယူတိုက်ခိုက်နေသဖြင့် တာလီဘန်များနှင့် အကြမ်းဖက်စစ်သွေးကြွများမှာ အလွန်ကြောက်ရွံ့ကြပြီး ခြင် ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အဆိုးဆုံးခြင်ကိုက်လျှင် အများဆုံးဖျားနာပြီးမှသာ သေဆုံးသော်လည်း အပါချီ ခြင် ကိုက်လျှင်မူ ကိုက်မှန်းမသိပဲနဲ့ပင် သေဆုံးကြရသည်သာဖြစ်သည်။ အပါချီရဟတ်ယာဉ်မှာ မည်သည့်အရပ်မှ ပစ်ခတ်နေသည်၊ ပစ်ကွင်းကိုချိန်ရွယ်နေသည်ကိုတောင် မသိလိုက်ရပဲ ထိမှန်ပြီးမှာသာ သိရသဖြင့် အကြမ်းဖက်သမားများနှင့် ရန်သူများမှာ လွန်စွာထိတ်လန့်ကြရသည်။

AH -64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။

ထို့အပြင် အဆိုပါလက်နက်များမှ တင့်ကားချေမှုန်းရေးဒုံးကျည် (Hellfire Missiles) များကိုပါ တပ်ဆင်ထားနိုင်သောကြောင့် တိုက်ပွဲ၌ ၅ မိုင်ပတ်လည်အတွင်းရှိ မည်သည့် သံချပ်ကာယာဉ်များကိုမဆို ထိရောက်စွာ ဖျက်ဆီးချေမှုန်းနိုင်ပါသည်။ ထို့အပြင် အနှေးပျံ slow fly တွင်လည်း လူတစ်ယောက်၏ လမ်းလျှောက်နှုန်းသာသာ ရှိသည့် အမြန်နှုန်းနှင့်လည်း ပျံသန်းနိုင်ပါသည်။ 

အပါချီသည်အသုံးပြုရသော ရည်ရွယ်ချက အားသာချက်အချို့လည်းရှိပါသည်။ အများပြည်သူဆိုင်ရာနေရာများ၊ ကျောင်းများနှင့် သာမန်အရပ်သားများကြားတွင် နေရာယူပုန်းအောင်နိုင်သည့် ရန်သူတပ်ဖွဲ့များကို အနီးကပ်ပစ်ခတ်ချေမှုန်းနိုင်ခြင်းသည် အမြင့်ပေ ၂၀၀၀၀ ကျော်မှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲချေမှုန်းရခြင်းထက် ပိုမိုထိရောက်အောင်မြင်နိုင်သောကြောင့်ဖြစ်သည်။ အပစ်မဲ့သောသူများ သေဆုံးမှုနှင့် အခြားသော အဆောက်အဦးများ ပျက်စီးမှုကိုလည်း လျှော့ချနိုင်ခြင်းမှာလည်း ကောင်းမွန်သောအချက်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ Hughes Helicopters မှ ဒီဇိုင်းရေးဆွဲပြီး ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ထုတ်လုပ်၍ McDonnell Douglas မှ ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ ယနေ့တိုင် Boeing Defense မှ ဆက်လက်ထုတ်လုပ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဦးဆုံးပျံသန်းမှုကို စမ်းသပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါသည်။

အခြေခံ အချက်အလက်များ

လေသူရဲ = ၂ ဦး
ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
လက်နက်
၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
Hydra 70 FFAR ဒုံးကျည်များ
AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ

ဝေဟင်ချစ်သူ

အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး လက်ရှိ အချိန်တွင် အမေရိကန်စစ်တပ်၏ အားထားရသော အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး ရဟတ် ယာဉ်ပင်ဖြစ်သည်။ အမေရိကန်တပ်မတော်၏ လက်ရှိဆင်နွှဲနေသော အကြမ်းဖက် သမားများ ချေမှုန်းရေး တာဝန်များတွင် တာဝန်ယူတိုက်ခိုက်နေသဖြင့် တာလီဘန်များနှင့် အကြမ်းဖက်စစ်သွေးကြွများမှာ အလွန်ကြောက် ရွံ့ကြပြီး ခြင် ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အဆိုးဆုံးခြင်ကိုက်လျှင် အများဆုံး ဖျားနာပြီးမှသာ သေဆုံးသော်လည်း အပါချီ ခြင် ကိုက်လျှင်မူ ကိုက်မှန်း မသိပဲနဲ့ ပင် သေဆုံး ကြရသည် သာဖြစ်သည်။ အပါချီရဟတ်ယာဉ်မှာ မည်သည့်အရပ်မှ ပစ်ခတ်နေသည်၊ ပစ်ကွင်းကို ချိန်ရွယ်နေသည် ကိုတောင် မသိလိုက်ရပဲ ထိမှန်ပြီးမှာသာ သိရသဖြင့် အကြမ်းဖက်သမားများနှင့် ရန်သူများမှာ လွန်စွာ ထိတ်လန့်ကြရသည်။

AH -64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ် ယာဉ် များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိကလက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထား သည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။

ထို့အပြင် အဆိုပါလက်နက်များမှ တင့်ကားချေမှုန်းရေးဒုံးကျည် (Hellfire Missiles) များကိုပါ တပ်ဆင် ထားနိုင်သောကြောင့် တိုက်ပွဲ၌ ၅ မိုင်ပတ်လည်အတွင်းရှိ မည်သည့် သံချပ်ကာယာဉ်များကိုမဆို ထိရောက် စွာ ဖျက်ဆီးချေမှုန်းနိုင်ပါသည်။ ထို့အပြင် အနှေးပျံ slow fly တွင်လည်း လူတစ်ယောက်၏ လမ်းလျှောက်နှုန်းသာသာ ရှိသည့် အမြန်နှုန်းနှင့်လည်း ပျံသန်းနိုင်ပါသည်။

အပါချီသည်အသုံးပြုရသော ရည်ရွယ်ချက အားသာချက်အချို့လည်းရှိပါသည်။ အများပြည်သူ ဆိုင်ရာနေ ရာများ၊ ကျောင်းများနှင့် သာမန်အရပ်သားများကြားတွင် နေရာယူပုန်းအောင်နိုင်သည့် ရန်သူတပ်ဖွဲ့များကို အနီးကပ်ပစ်ခတ်ချေမှုန်းနိုင်ခြင်းသည် အမြင့်ပေ ၂၀၀၀၀ ကျော်မှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲချေမှုန်းရခြင်းထက် ပိုမိုထိရောက်အောင်မြင်နိုင်သောကြောင့်ဖြစ်သည်။ အပစ်မဲ့သော သူများ သေဆုံး မှုနှင့် အခြားသော အဆောက်အဦးများ ပျက်စီးမှုကိုလည်း လျှော့ချနိုင်ခြင်း မှာ လည်း ကောင်းမွန်သော အချက်ဖြစ် ပါသည်။

အမေရိကန်နိုင်ငံ Hughes Helicopters မှ ဒီဇိုင်းရေးဆွဲပြီး ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ထုတ်လုပ်၍ McDonnell Douglas မှ ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ ယနေ့တိုင် Boeing Defense မှ ဆက်လက်ထုတ်လုပ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဦးဆုံးပျံသန်းမှုကို စမ်းသပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ စတင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါသည်။

အခြေခံ အချက်အလက်များ

လေသူရဲ = ၂ ဦး
ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
လက်နက်
၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
Hydra 70 FFAR ဒုံးကျည်များ
AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ

From..မြ၀တီ

No comments:

Post a Comment