Monday 31 December 2012

အီးပေါက်တာဘယ်သူလဲ မပြောသဖြင့် ရိုက်နှက်မှု ထောင်ကျ


သမီးများကို ရက်စက်စွာ ရိုက်နှက်သည့် ဖခင်တစ်ဦးအား ရဲများက ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။ အော်စတင် ဒေးဗစ်ဆိုသူ အသက် ၃၂ အရွယ်ရှိ ဘခင်တစ်ဦးသည် ကားအတူစီးလာသည့် သမီး ၃ ဦးထဲမှ အီးပေါက်လိုက်သဖြင့် အနံ့အသက်ဆိုးသောကြောင့် မည်သူပေါက်သလဲဟုမေးကြောင်း၊ မည်သူကမျှ ၀န်ခံခြင်းမပြုသဖြင့် ခါးပတ် ချွတ်ပြီး သမီးများကို ရက်စက်စွာ ရိုက်နှက်ဆုံးမခဲ့ကြောင်း၊ သမီးများမှာ အသက် ၆ နှစ်၊ ၉ နှစ်နှင့် ၁၂ အရွယ်များဖြစ်ကြကြောင်း သိရသည်။

ရဲများကို ဒေးဗစ်နှင့် အိမ်နီးချင်းဖြစ်သူ အမျိုးသမီးတစ်ဦးက ဖုန်းဆက်ခေါ်လိုက်ခြင်းဖြစ်သည်။ ကလေးသုံး ယောက်ထဲမှ တစ်ဦးက သူမတို့ကို ဘခင်ဖြစ်သူကရိုက်နှက်ကြောင်း လာရောက် တိုင်ကြား သဖြင့် ထိုသို့ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရခြင်းဖြစ်သည်ဟုဆိုသည်။

အိမ်နီးချင်း အမျိုးသမီးက ရဲများကို ကလေးများ၏ ခြေထောက်၊ တင်ပါး၊ ပေါင်တို့တွင် အရိုက်ခံထားရသည့် ဓာတ်ပုံများကို ပြသခဲ့ကြောင်း သိရသည်။

ဓာတ်ပုံထဲတွင် ၆ နှစ်သမီးလေး၌ တင်ပါး၊ ခြေထောက်နှင့် ပေါင်များတွင် အရှိုးရာများကို တွေ့ရပြီး၊ ၁၂ နှစ် သမီး လေးတွင်လည်း ခြေထောက်၊ပေါင်နှင့် တင်ပါးများပေါ်တွင် အရှိုးရာများ အပြည့်တွေ့ကြရသည်။ အသက် ၉ နှစ် အရွယ် သမီးဖြစ်သူကမူ ဓာတ်ပုံအရိုက်မခံကြောင်း၊ သူ့ဖခင် သိသွားလျှင် ထပ်အရိုက်ခံ ရမည် ကို စိုးရိမ်သော ကြောင့်ဖြစ်ကြောင်း အိမ်နီးချင်း အမျိုးသမီးက ပြောကြားသည်။

ဒေးဗစ်ကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ကလေးသူငယ်များကို မတရားအကြမ်းဖက်မှုဖြင့် တရားရုံး သုံးရုံးတွင် စစ်ဆေးခံရပြီး ထောင်ဒဏ်ကျခံလိမ့်မည်ဟုဆိုသည်။

မောက္ခသတင်း

No comments:

Post a Comment