Monday 31 December 2012

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ


လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ
 
လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပယ်ချခဲ့ ပါသည်။

အနောက် နိုင်ငံများနှင့် အာရပ်နိုင်ငံ အချို့မှ မီဒီယာ များက ယီမင်တောင်ပိုင်းရှိ စစ်သွေးကြွများ ထံသို့ ဦးတည်၍ ခုတ်မောင်းခဲ့သည် ဟု စွပ်စွဲပြောဆို ခဲ့ကြမှုနှင့် ပတ်သက်၍ ယီမင် ရေပိုင်နက် အတွင်း ကြားဖြတ်ဖမ်းဆီး ခဲ့သော သင်္ဘောမှာ အီရန် သင်္ဘော မဟုတ်သကဲ့သို့ အဆိုပါ သင်္ဘောပေါ်တွင် မည်သည့် လက်နက်မျှလည်း ပါရှိခြင်း မရှိ ကြောင်း ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက အလေးထား ပြောကြားခဲ့ပါသည်။ 

ဒီဇင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ထိန်းသိမ်းခဲ့သည့် သင်္ဘော မှာ တိုဂို နိုင်ငံမှ သင်္ဘော တစ်စင်း ဖြစ်ပြီး အဆိုပါသင်္ဘော ပေါ်တွင် ကျောက်မီးသွေးများ တင်ဆောင်လာ ကြောင်း သိရှိရပါသည်။ 

အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ယီမင်နိုင်ငံ မီဒီဆိပ်ကမ်း အနီးတွင် “Royal Star” အမည်ရှိ တိုဂိုသင်္ဘော တစ်စင်းကို ယီမင် ကမ်းခြေစောင့် တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထား သည်ဟု 
သိရှိရပါသည်။

http://www.myawady.com.mm/allnews/global/item/3221-2012-12-31-16-03-29

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်း များကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပယ်ချခဲ့ ပါသည်။
အနောက် နိုင်ငံများနှင့် အာရပ်နိုင်ငံ အချို့မှ မီဒီယာ များက ယီမင်တောင်ပိုင်းရှိ စစ်သွေးကြွများ ထံသို့ ဦးတည်၍ ခုတ်မောင်းခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ကြမှုနှင့် ပတ်သက်၍ ယီမင် ရေပိုင်နက် အတွင်း ကြားဖြတ် ဖမ်းဆီးခဲ့သော သင်္ဘောမှာ အီရန်သင်္ဘော မဟုတ်သကဲ့သို့ အဆိုပါ သင်္ဘောပေါ်တွင် မည်သည့် လက်နက် မျှလည်း ပါရှိခြင်း မရှိ ကြောင်း ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက အလေး ထား ပြောကြား ခဲ့ပါ သည်။

ဒီဇင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ထိန်းသိမ်းခဲ့သည့် သင်္ဘော မှာ တိုဂို နိုင်ငံမှ သင်္ဘော တစ်စင်း ဖြစ်ပြီး အဆိုပါ သင်္ဘော ပေါ် တွင် ကျောက်မီးသွေးများ တင်ဆောင်လာ ကြောင်း သိရှိရပါသည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ယီမင်နိုင်ငံ မီဒီဆိပ်ကမ်း အနီးတွင် “Royal Star” အမည်ရှိ တိုဂို သင်္ဘော တစ်စင်းကို ယီမင် ကမ်းခြေစောင့် တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထား သည်ဟု သိရှိရပါသည်။

No comments:

Post a Comment