Monday 31 December 2012

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား

Monday, 31 December 2012

ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား ဆေးရုံတင်ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

မစ္စစ်ဟီလာရီကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေမည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ် က ပြောကြားသည်။ သူမအား ဆေးရုံတွင် ၄၈ နာရီကြာ စောင့်ကြည့်ကုသ သွားမည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

''ဆရာဝန်တွေက သူ့အခြေအနေကို ဆက်ပြီးစောင့်ကြပ်ကြည့်ရှုနေပါတယ်။ အဲဒီလို ကြည့်ရှုတဲ့အထဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် တခြားပြဿနာ တွေရှိသေးလား ဆိုတာတွေလည်း ပါဝင်ပါတယ်။ အခြားကုသမှုပုံစံ လိုအပ် သေးလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားပါမယ်" ဟု မစ္စတာ ဖိလစ်ကပြောသည်။

ယခုလ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဦးခေါင်းထိခိုက်မှုကို နောက်ဆက်တွဲ ကြည့်ရှုစစ်ဆေးရာမှ သွေးခဲမှုဖြစ်ပေါ်နေသည်ကို ဆရာဝန်များက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စီအင်န်အင်န်အား ပြောကြား သည်။

ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဆင်းပေးမည့် မစ္စစ်ဟီလာရီ ကလင်တန် ၆၅ နှစ်သည် ၀မ်းဗိုက်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရေဓာတ် ခမ်းခြောက်မှု ဖြစ်ပေါ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

7Day News Journal

ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား ဆေးရုံတင် ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

မစ္စစ်ဟီလာရီကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေ မည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ်က ပြောကြားသည်။ သူမအား ဆေးရုံတွင် ၄၈ နာရီကြာ စောင့်ကြည့်ကုသ သွားမည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

''ဆရာဝန်တွေက သူ့အခြေအနေကို ဆက်ပြီးစောင့်ကြပ်ကြည့်ရှုနေပါတယ်။ အဲဒီလို ကြည့်ရှုတဲ့အထဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် တခြားပြဿနာ တွေရှိသေးလား ဆိုတာတွေလည်း ပါဝင်ပါတယ်။ အခြား ကုသမှုပုံစံ လိုအပ် သေးလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားပါမယ်" ဟု မစ္စတာ ဖိလစ်ကပြော သည်။

ယခုလ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဦးခေါင်းထိခိုက်မှုကို နောက်ဆက်တွဲ ကြည့်ရှုစစ်ဆေး ရာမှ သွေးခဲမှုဖြစ်ပေါ်နေသည်ကို ဆရာဝန်များက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စီအင်န်အင်န်အား ပြောကြား သည်။

ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဆင်းပေးမည့် မစ္စစ်ဟီလာရီ ကလင်တန် ၆၅ နှစ်သည် ၀မ်းဗိုက်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရေဓာတ် ခမ်းခြောက်မှု ဖြစ်ပေါ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment