Monday 31 December 2012

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမ ကျောင်းကွေ့မှတ်တိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွား

AddThis Social Bookmark Button
tha
ဒီဇင်ဘာလ ၃၀ ရက် ည ၁၁ နာရီအချိန်ခန့်တွင် သာကေတ မြို့နယ်၊ ဧရာဝဏ် လမ်းမ ကျောင်းကွေ့
မှတ်တိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဧရာဝဏ်လမ်းမအတိုင်း သာကေတမြို့နယ်မှ မင်္ဂလာဒုံသို့ ပြန်လာသည့် ညာဘက်ယာဉ် ကြောမှ Light Truck အမျိုးအစားယာဉ်နှင့် ဘယ်ဘက်ယာဉ်ကြောမှ မောင်းလာသည့် KLUGER အမျိုးအစား ယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း Light Truck ယာဉ်မှာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် တိမ်းမှောက်သွားသော Light Truck ကားတွင် လိုက်ပါစီးနင်းလာသူ အမျိုး သမီး (အသက် ၃၀ခန့်) က ''ကျွန်မတို့က မင်္ဂလာဒုံကိုပြန်မှာပါ။ ကျွန်မက ကားနောက်ခန်းမှာပါ။ ယာဉ် တိုက်မှု ဘယ်လိုဖြစ်သွားလဲတော့ မသိလိုက်ပါဘူး။ ၀ုန်းကနဲပဲ သိလိုက်ပါတယ်။ ကားမှောက် သွားတော့ နောက်ခန်းက လူတွေအကုန် လဲသွားတယ်။ ကျွန်မနဲ့ ကျွန်မသားလေး (အသက် ၂နှစ်) က ဘာမှဖြစ်မသွားဘူး။ ကားပေါ်က ကျန်တဲ့ ၆ယောက် (အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၃ ယောက်) ကတော့ ဒဏ်ရာရသွားတယ်။ အခုဒဏ်ရာရတဲ့လူတွေ ဆေးရုံကို ခေါ်သွားပါပြီ'' ဟု ပြောပါသည်။
thar
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်သို့ ရောက်ရှိနေသော တာဝန်ကျ ရဲအရာရှိတစ်ဦးက ''ဖြစ်စဉ်ကိုတော့ ကျွန်တော်တို့ သေသေချာချာ မသိရသေးပါဘူး။ တစ်ဘက်ယာဉ်မောင်း (KLUGER အမျိုးအစားယာဉ်) ကိုတော့ စစ်ဆေးနေပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ဆေးရုံကိုသွားပါပြီ'' ဟု ပြောပါ သည်။
''မှောက်သွားတဲ့ Light Truck ကားက ညာဘက်ယာဉ်ကြောက လာတယ်လို့ သိရတယ်။ KLUGER အမျိုး အစားယာဉ်က ဘယ်ဘက်ယာဉ်ကြောဘက် လာတယ်လို့ သိရပါတယ်။ ဘယ်လိုတိုက်လိုက်တယ်တော့ မသိလိုက်ပါဘူး။ ကားတိုက်သံ  ကြားလို့ကြည့်လိုက်မှ Light Truck ကားက မှောက်နေပြီး တစ်ဘက်ယာဉ် (KLUGER အမျိုးအစားယာဉ်) က ကားခေါင်းဘယ်ဘက်ခြမ်း ပျက်သွားတာကို တွေ့ရပါတယ်'' ဟု ယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင်ရှိသူ တစ်ဦးက ပြော ပြပါသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
from..Eleven

No comments:

Post a Comment