
အိမ်အတွင်း အပူဓာတ်ရရန် အပူပေးစက်များကိုလည်း နေရာအနှံ့ဖွင့်ထားကြောင်း မီးသတ်ဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။
မီးလောင်ရာတွင် သေဆုံးသွားသူ မိခင်မှာ ဂျင်နီ ဘောနက် (၂၈ နှစ်) ဖြစ်ပြီး၊ သမီးများမှာ နက်တဲလီ လီယွန် (၈ နှစ်)၊ စမန်သာ လီယွန် (၇ နှစ်)၊ ဇက်ကရီ မက်သယူး လီယွန် (၅ နှစ်) နှင့် ကာရာ လီယွန် (၃ နှစ်) တို့ ဖြစ်ကြ သည်။
ဘောနက်၏ ရည်းစားဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဘရိန်း ပိုလက်တိုသည် မီးလောင်ရာတွင် ၀င်ရောက် ငြိမ်းသတ်ခဲ့ပြီး သူ့ကိုယ်တွင်လည်း မီးစွဲလောင်ခဲ့သဖြင့် ဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း သိရ သည်။
ဘရိန်း၏ လက်နှင့် ခြေထောက်များတွင် မီးလောင်ဒဏ်ရာ အပြင်းအထန်ရှိထားသည်ဟုဆိုသည်။ အဘယ်ကြောင့် တစ်မိသားစုလုံး မီးရှို့သတ်သေခဲ့ခြင်းဖြစ်ကြောင်းကိုမူ စုံစမ်းဆဲဖြစ်သည်။
From : မောက္ခသတင်း
No comments:
Post a Comment