Monday 31 December 2012

မြန်မာသီချင်းနှင့် ညစ်ညမ်းခွေမပါပဲ ဆင်ဆာမဲ့အခွေဆိုင်များ ဆက်လက်ရောင်းချနေဆဲ

ဆင်ဆာမဲ့ခိုးကူးခွေအရောင်းဆိုင်များအား တရားဝင်ခွင့်ပြု ရောင်းချခွင့်မပြုသော်လည်း နားလည်ယူ၍ ဖွင့်လှစ်ရောင်းချနေဆဲဖြစ်ကြောင်း လမ်းဘေးဆင်ဆာမဲ့ အခွေဖွင့်လှစ်ရောင်းချနေသူများထံက သိရှိရ
သည်။
   
ဖမ်းဆီးမှုများပြုလုပ်နေသော်လည်း စားဝတ်နေရေး အကျပ်အတည်းကြောင့် ဆက်လက် ဖွင့်လှစ် ရောင်း ချနေရခြင်းဖြစ်သည်ဟု အခွေဆိုင်ပိုင်ရှင်တို့က ဆိုသည်။
 
ကျွန်တော်တို့က နေ့စဉ်ရောင်းရငွေနဲ့ မနက်အတွက် ခွေအသစ်ထပ်ဝယ်ရတယ်၊ တစ်ရက်ရောင်းရငွေ ပျှမ်းမျှခြောက်သောင်း ၀န်းကျင် ရောင်းရပါတယ်၊ ၄ သောင်းဖိုးလောက် အခွေပြန်ဝယ်ရတယ်၊ ကျန် တဲ့ နှစ်သောင်းထဲက အထွေထွေအသုံးစရိတ်နှုတ် ကျန်တာ အမြတ်ပေါ့ဟု အခွေဆိုင်ပိုင်ရှင် တစ်ဦး က ပြောသည်။
 
ထိုကဲ့သို့ ဆင်ဆာမဲ့ခိုးကူးခွေများအား ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းများသို့ လမ်းကြောင်းကြေးကို တစ်လလျှင် ကျပ်လေးသောင်းနီးပါး ပုံမှန်ပေးရလေ့ရှိကြောင်းနှင့် အခွေ ဆိုင်တစ် ဆိုင်၏ တစ်လအမြတ်ငွေမှာ ကျပ်နှစ်သိန်းမှ သုံးသိန်းကြားရှိကြောင်းကိုလည်း သိရသည်။
 
ခိုးကူးခွေတစ်ခွေ၏ အရင်းမှာ ၂၀၀ ကျပ်နီးပါးရှိပြီး၊တစ်ခွေလျှင် ကျပ် ၄၀၀ ၀န်း ကျင်ဖြင့် ပြန် လည်ရောင်း ချနေခြင်းဖြစ်သည်။ အခွေဆိုင် တစ်ဆိုင်ဖွင့်လျှင် အရင်းအနှီး ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းနီးပါးခန့် လို အပ်ကြောင်း အခွေရောင်းချသူများက ဆိုသည်။
 
ရဲတွေနဲ့ နားလည်မှုယူပြီးဖွင့်တယ်ဆိုတာကလည်း ရဲတွေကိုလမ်းကြောင်းကြေးပေးပြီးဖွင့်ရတာ၊ နယ်ထိန်း၊ နယ်ထိန်း အင်ချက်၊ စခန်းမှူး၊ မြို့နယ်မှူး သူတို့အားလုံးကို တစ်လကို တစ်ဆိုင် လေးသောင်း ၀န်းကျင်နှုန်း နဲ့ ပေးရတယ် ဟု အသက် သုံးဆယ်ဝန်းကျင်အခွေရောင်းချသူတစ်ဦး ကပြောသည်။
 
ခွေရောင်းချသောအခွေဆိုင်များအား ရောင်းချခွင့် ပိတ်ပင်တားဆီးမှုအား မပြုလုပ်သင့်ကြောင်းနှင့် ထို ကဲ့သို့ ပြုလုပ်ပါက တစ်နိုင်ငံလုံးရှိ ဆင်ဆာမဲ့ အခွေရောင်းချနေသူများ စားဝတ်နေရေးခက်ခဲ သွားနိုင်ကြောင်းကိုလည်း သိရသည်။
 
 “ဖမ်းဆီးမှုနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့လည်း အထက်က ဖမ်းခိုင်းရင် ဖမ်းရတာပဲ၊ အသေ အချာတော့ မသိဘူး၊ တစ်ခါတစ်လေ မြို့နယ်က မဖမ်းဘဲ ခရိုင်ကဆင်းဖမ်းတာလည်းရှိတယ် ဟု ရဲ တပ်သား တစ်ဦးက ပြောသည်။
 
အဆိုပါ ဆင်ဆာမဲ့အခွေအရောင်းဆိုင်များအနေဖြင့် ယခင်က မြန်မာသီချင်းခွေအပါအ၀င် နိုင်ငံခြား ညစ်ညမ်းခွေ များရောင်းချမှု ရှိသော်လည်း လက်ရှိရောင်းချနေသူများသည် အဆိုပါခွေ များကို ရောင်းချ မှုမပြု လုပ်တော့ကြောင်းကိုလည်း ရန်ကုန်မြို့ရှိ အခွေရောင်းဆိုင်များမှ သိရှိရသည်။
From..မြစ်မခ
 

No comments:

Post a Comment