Monday 31 December 2012

NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ် ကို နေ့ စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသား ဒီမို ကရေ စီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါ တယ်။

ဒီလှိုင်းဂျာနယ် သတင်းစာထုတ်တဲ့ အခါမှာ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေဒီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ် ထုတ်ဝေတဲ့ တစ်နှစ်ပြည့်ခါနီးမှာ ပုဂ္ဂလိကသတင်းစာတွေကို အစိုးရက ထုတ်ဝေခွင့် ပေးတာကြောင့် အခုလို ထုတ်ဝေဖို့ စီစဉ်တာလို့ သိရပါတယ်။

ဒီလှိုင်းဂျာနယ်ဟာ အန်အယ်လ်ဒီပါတီရဲ့ ပါတီသဘောထားတွေနဲ့ လုပ်ငန်းစဉ်တွေ ကို ရေးသားဖော်ပြနေ တဲ့ အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး သတင်းစာထုတ်ဝေတဲ့အခါ သတင်းစာတွေရဲ့ အင်္ဂါရပ်နဲ့ အညီ ထုတ်ဝေ သွားမယ်လို့ သိရပါတယ်။

 RFA  (မြန်မာပိုင်း)

No comments:

Post a Comment