Thursday 8 November 2012

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီကြီး ၃ ခုအပြင် ထိပ်တန်းအာမခံကုမ္ပဏီကြီး များ မြန်မာ့အာမခံလုပ်ငန်းအတွင်း ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင် မြန်မာနိုင်ငံအနေဖြင့် အာမခံလုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံဝန်းကျင် အခွန်ရနိုင်ကြောင်း ခန့်မှန်း

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီကြီး ၃ ခုအပြင် နိုင်ငံတကာအာမခံလုပ်ငန်းတွင် ထိပ်တန်းရောက်ရှိနေသည့် အာမခံကုမ္ပဏီကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင် ရန် ပြင်ဆင်ေ နေ ကြာင်း Fox Business သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာလ ၇ ရက်နေ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အာမခံလုပ်ငန်းအား ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ ၁၂ ခုသို့ လုပ်ကိုင်ခွင့်ပြု ထားပြီးဖြစ် သည်။ ပြည်ပကုမ္ပဏီများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အာမခံလုပ်ငန်း လုပ်ကိုင် ခွင့်ပြုပါ က မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းမှ နှစ်စဉ်အခွန်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီ လျံအထိ ရရှိနိုင်ကြောင်း ကိုလည်း နိုင်ငံတကာအာမခံလုပ်ငန်းများမှ ခန့်မှန်းတွက်ချက်ထားကြောင်း ထုတ်ပြန် ထားကြသည်။

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီများဖြစ်သည့် Prudential Plc,AIA Group Ltd နှင့် Manulife Financial Corp ကုမ္ပဏီများမှ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်မြှုပ်နှံရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းအနေဖြင့် အကျိုးအမြတ်များစွာရနိုင်သည့် အနေအထားရှိနေကြောင်း၊ အရှေ့ေ တာင် အာရှ တွင် မြန်မာနိုင်ငံအနေဖြင့် လူဦးရေ သန်း ၆၀ ရှိပြီး လူဦးရေအ ထူထပ် ဆုံး နိုင်ငံဖြစ်ကြောင်း၊ ထိုကဲ့သို့ လူဦးရေထူထပ်သည့်နိုင်ငံ၊ စီးပွားရေးပြုပြင်ပြောင်းလဲနေသည့်နိုင် ငံ ဖြစ်သည့်အတွက် အာမခံလုပ်ငန်းအနေဖြင့် နောင်တွင် အကျိုးအမြတ်များစွာရှိနိုင်သည်ဟု ကမ္ဘာ့ထိပ် တန်း အာမခံကုမ္ပဏီများက သုံးသပ်ကာ ၀င်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အာမခံလုပ်ငန်းမှာ ယခုအချိန်ကျမှသာ ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခြင်းဖြစ် ပြီး ၁၉၆၃ ခုနှစ် (နိုင်ငံပိုင်သိမ်းယူခြင်း မပြုမီ)အချိန်က မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ အာမခံ ကုမ္ပဏီပေါင်း ၇၀ အထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းမှ ရရှိနိုင်သည့် အခွန်အမြတ်မှာ ဗီယက်နမ်နိုင်ငံဖြင့် တန်းတူရနိုင်သည့် အနေအထားရှိကြောင်း၊ ဗီယက်နမ်နိုင်ငံမှာ လက်ရှိတွင် အာမခံလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံရရှိသည်ဟု ဖော်ပြထားသည်။

ကမ္ဘာ့ထိပ်တန်း အာမခံကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ရာတွင် အဓိက စိန်ခေါ် မှုနှစ် ခုမှာ ပြည်တွင်းရှိ ပုဂ္ဂလိကအာမခံလုပ်ငန်းများဖြင့် ယှဉ်ပြိုင်လုပ်ကိုင်ရခြင်း၊ အဂတိလိုက်စားမှုများနှင့် ကြုံတွေ့နိုင်ခြင်းတို့ဖြစ်ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံ၏ အာခံလုပ်ငန်း ဖွံ့ဖြိုး လာမည့် အလားအလာမှာ နိုင်ငံတကာရှိ အာမခံလုပ်ငန်းများအား ဆွဲဆောင်လျှက်ရှိနေသည်ဟု သုံးသပ် ထားသည်။


ref:EMG

No comments:

Post a Comment