Thursday 8 November 2012

ကားပေါ်မှ လူလေးဦးအား အုပ်စုဖွဲ့၍ အကြမ်းဖက်သူများအနက် နှစ်ဦးကို ဖမ်းမိ



ကမာရွတ်မြို့နယ် အင်းစိန်လမ်းပေါ်ရှိ စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် ညသန်းခေါင်အချိန်၌ မတ်ခ်တူး ယာဉ်တစ်စီးအား ရှေ့နောက် ယာဉ်နှစ်စီးပိတ်ရပ်၍ အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့သူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီအချိန်တွင် စံရိပ်ငြိမ် ၃ လမ်းထိပ် လမ်းပေါ်၌ မောင်းနှင်နေသော မတ်ခ်တူး ယာဉ်အား အမည်မသိ အနက်ရောင်စတစ်ကာကပ်ထားသော ယာဉ်နှစ်စီးက ရှေ့နောက်ပိတ်ရပ်၍ မတ်ခ်တူးကားပေါ်မှ လူလေးဦးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ မတ်ခ်တူးကားပေါ်ပါ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးအား အမည်မသိယာဉ်ပေါ်မှ လူခုနစ်ဦးက ၀ိုင်းဝန်းထိုးကြိတ်၍ ဆဲဆိုခဲ့ပြီး ကားမှန်များကိုလည်း သံတုတ်၊ သစ်သားတုတ်တို့ဖြင့် ရိုက်ခွဲ ဖျက်ဆီးခဲ့သည်။ အဆိုပါ တရားခံခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီးထားပြီဟုဆိုသည်။
 
ref:7daynews

No comments:

Post a Comment