Thursday 8 November 2012

လုပ်သားများ၏ဆန္ဒပြတောင်းဆိုမှု ဥပဒေအပြင်ရောက်၍ လိုက်လျောရန်မဖြစ်နိုင်ဟု ဦးကိုကိုထွေးဆို



တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမားများ၏ဆန္ဒပြတောင်းဆိုမှုများသည်ဥပဒေ အပြင် ရောက်   နေပြီဖြစ် ၍ လိုက်လျောရန်မဖြစ်နိုင်ကြောင်း တော်ဝင်မိသားစု ကုပ္မဏီ ဥက္ကဌ ဦးကိုကိုထွေး ကပြော သည်။

ဦးဝီစာရလမ်းရှိ တော်ဝင်မိသားစုကုပ္မဏီတွင် ယနေ့ ပြုလုပ်သောစာနယ်ဇင်း ရှင်းလင်းပွဲတွင် ၎င်းက အ ထက် ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမားပြဿနာကို မြို့နယ်ခုံသမာဓိရုံးတွင်ဖြေရှင်း ပြေလည်၍ စာချုပ်ချုပ်ဆိုရန် ခေါ်ထားသောလည်း အလုပ်သမားများဘက်မှ မလာရောက်ခဲ့သောကြောင့် လက်ရှိအချိန်အထိ သဘောတူ စာချုပ်မချုပ်ဆို ရသေး ကြောင်း ၎င်းကဆက်ပြောသည်။

တော်ဝင်သစ်အချောထည် စက်ရုံ အလုပ်သမားများသည် စက်ရုံလုပ်သားများကို ဆောက်လုပ်ရေးဆိုဒ်သို့ မပို့ ရန်၊လုပ်သားများနှင့်မတိုင်ပင်ဘဲ စက်ရုံစည်းကမ်းများမထုတ်ပြန်ရန်၊ လူမှုဖူလှုံရေးကဒ်တစ်ပတ်တွင်း အမြန်ဆုံး ထုတ်ပေးရန် ၊စက်ရုံတွင်းဝင်ခွင့်မပေးသော လုပ်သားများကို Onduty သတ်မှတ်ပေးရန်၊ ဆန္ဒတောင်းခံသောအလုပ်သမားများကိုတရားစွဲဆိုခြင်း၊အရေးယူခြင်းမပြုရန်စသည့်အချက်များ ကိုတောင်း ဆိုထားပြီး ၁၄ ရက် ဆန္ဒဖော်ထုတ်ခဲ့သည်။


MZW

ref:Popular

No comments:

Post a Comment