Thursday 8 November 2012

ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်

http://www.myanmar.mmtimes.com/2010/timeout/464/myintzima.gif
တေးစု - ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၃)
တေးဂီတ - ပြဿနာ အုပ်စု

Band Line-up

Rhythm Guitar - ခင်မောင်တိုး
Bass Guitar - ရဲလွင်
Lead Guitar - မောင်မောင်ညွန့်
Drums - တွတ်တွတ်
Violin - စောယွန်းနန္ဒာ

ခင်မောင်တိုး သည် “ပြဿနာ အုပ်စု” အနေဖြင့် “ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၃)” နှင့် “ရင်ခုန်နေသော အိမ်မက်ငယ် (၁၉၇၄)” တေးစု နှစ်ခု ထွက်ခဲ့သည်။

၁၉၇၉ ၌ အဖွဲ့ နာမည် ကို 'လိစ္ဆ၀ီ' ဟု ပြောင်းခဲ့ပြီး “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ (၁၉၇၉)”၊ “ဝိုင်းရဲ့ဆည်းဆာ (၁၉၈၁)”၊ “စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ / Selection (၁၉၈၂)” တေးစု သုံးခု ထွက်ခဲ့သည်။

ထို့နောက် ၁၉၈၃ ၌ အဖွဲ့ နာမည်ကို 'လိစ္ဆ၀ီ' မှ 'မဇ္ဇျိမလှိုင်း' ဟု ထပ်မံ ပြောင်းလဲခဲ့ပြီး “မဟာဆန်သူ(၁၉၈၄)”၊ “ကြိုးကြာသံ (၁၉၈၅)”၊ “မျက်သွယ် / Selection (၁၉၈၆)”၊ “ရောင်စဉ်ခုနစ်သွယ် (၁၉၈၈)”၊ “ဝေခဲ့ပြီပန်းခရမ်းပြာ (၁၉၉၀)“၊ “လေးညှို့ရှင် (၁၉၉၁)”၊ “ပန်းချစ်သူ အပါအဝင် ရုပ်ရှင်သီချင်းများ (၁၉၉၂)”၊ “ပန်တော်ဦး (၁၉၉၃)”၊ “မြစ်တစင်းဖြစ်တည်မှု (၁၉၉၄)”၊ “Live 94 (Live Show) နှစ်ခွေတွဲ (၁၉၉၄)”၊ “ရည်ရွယ်သူ (၁၉၉၅)”၊ “မှီတွယ်ရာ လွမ်း (၁၉၉၆)”၊ “လှိုင်းထက်ကခြေရာ (၁၉၉၇)”၊ “ရင်ခတ်အလွမ်း / မွန်းအောင် သီချင်းများ ပြန်လည်သီဆိုမှု (၁၉၉၈)“၊ “သီချင်းတပုဒ် (၁၉၉၉)”၊ “တိတ်တခိုး / မောင်စိန်ဝင်း ကဗျာ နိုင်မင်း သံစဉ် များကို သီဆိုမှု (၂၀၀၀)“၊ “ခုနစ်နှစ်အလွန် / ခင်ဝမ်း အမှတ်တရ (၂၀၀၇)” တေးစုအများ အပါအဝင် “အကြိုက်ဆုံးမန္တလေးသီချင်းများ (ခေတ်ဟောင်း သီချင်းများ)”၊ “သည်းဦးသစ္စာ (Selection)”၊ “ ခွန်အားဖြည့်ပါမိငယ်” အစရှိသဖြင့် မျက်မှောက်ခေတ် အထိ တေးစု ပေါင်းမြောက်များစွာ သီဆို အောင်မြင်ခဲ့/လျက်ရှိပါသည်။

“ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်” မှ စတင်၍ ဆယ်စုနှစ် (၄) စု တိုင် ရှင်သန် ခဲ့သည့် ခင်မောင်တိုး နှင့် ဂီတ ရဲဘော်ရဲဘက် သူငင်ချင်း မိတ်ဆွေ ဂီတစာဆို များ၊ ဂီတပညာရှင်များ ဖန်တီး တီးခတ် သီဆို ခဲ့သည့် တေးသီချင်းကောင်းများစွာကို ခံစားနားဆင် နှလုံးသား အာဟာရ ဖြည့်တင်း မှီဝဲ စားသုံးခွင့် ရခဲ့သဖြင့် ‘ပြဿနာ’၊ 'လိစ္ဆ၀ီ' နှင့် 'မဇ္ဇျိမလှိုင်း' အုပ်စုဝင် အားလုံးကို အထူးကျေးဇူးတင်ပါသည်။
 
ref:Kotoke Gyi 's FB

No comments:

Post a Comment