Thursday 8 November 2012

တစ်ပတ်အတွင်း ယွမ်နှစ်သောင်းတန်ဖိုးရှိ ကုန်ပစ္စည်းများ မှောင်ခိုတင်သွင်းမှု တားဆီးနိုင်ခဲ့


မှောင်ခိုပစ္စည်းပပျောက်ရေး ဆောင်ရွက်နေသော ရွေ့လျားစစ်ဆေးရေးအဖွဲ့(Mobile Team)က တစ်ပတ် အတွင်း တရုတ်ယွမ်ငွေ ၂၀၀၀၀ ကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ ကို မှောင်ခိုတင် သွင်းလာသူ များအား တားဆီးပြီး တရားဝင်လမ်းကြောင်းမှ တင်သွင်းစေကာ အခွန်ဆောင်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

"အစားအသောက်နဲ့ အထည်အလိပ်တွေ များပါတယ်။ ပညာပေးကာလမှာတော့ ဖမ်းလို့ရတဲ့ ပစ္စည်းတွေကို အခွန်ပြန်ဆောင်ခိုင်းပြီး တရားဝင်လမ်းကြောင်းကနေ ပြန်သွားခိုင်းနေပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းေ ရာင်း ၀ယ်ရေးဝန်ကြီးဌာန ရွေ့လျားစစ်ဆေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ဝင်း ကပြောသည်။

အဆိုပါပစ္စည်းအများစုမှာ မှန်လုံကားများနှင့် ခရီးသည်တင်ကားငယ်များတွင် စစ်ဆေးေ တွ့ရှိခြင်းဖြစ်ေ ကြာင်း သတင်းရရှိသည်။

ရွေ့လျားစစ်ဆေးရေးအဖွဲ့ စတင်ဆောင်ရွက်သော နိုဝင်ဘာ ၁ ရက်မှစ၍ ကယ်ရီသမားများ သွားလာမှု နည်းသွားခဲ့ပြီး မူဆယ်ဒေသတစ်ခုထဲတွင်သာ ဆောင်ရွက်နေသည့်အတွက် ဒေသခံများက မကျေ မနပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။
 
 
ref:7daynews

No comments:

Post a Comment