Thursday 8 November 2012

သံတွဲဒေသထွက် ငါး ပြည်တွင်းဈေးကွက်သို့ ပိုမိုဦးတည်

http://www.mmtimes.com/2012/business/625/fisheries.gif

ယခင်နှစ်များက သံတွဲမြို့နယ်ထွက် ကျော့ပိုက်ငါးဖမ်းလုပ်ငန်းမှ ရရှိမည့် ငါးများကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ ခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံရေး အခြေအနေကြောင့် ပြည်တွင်းဈေးကွက်သို့သာ ဦးတည်ရ မည်ဖြစ်ကြောင်း ကျော့ပိုက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်စိုး က ပြောသည်။


"လှေတွေစထွက်နေတာနှစ်ရက်လောက်ရှိပြီ။ ငါးကုန်းညိုပေါက်တွေ အရများတယ်။ ဒီနှစ် မှာတော့ နိုင် ငံရေး အခြေအနေအရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ဖို့ မမှန်းနိုင်သေးဘူး"ဟု ၎င်းကပြောသည်။
ယမန်နှစ် က ဘင်္ဂလားဒေ့ရှ်သို့ ဂျိတ္တောငါးဖမ်းဇုန်မှ ငါးခြောက်ပိသာချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့သည်။

သံတွဲမှ ကုန်သည်တဦးကလည်း "ဘင်္ဂလားကိုပို့ရတာက ပိုကိုက်တယ်။ ပြည်တွင်းဈေးကွက်က ဒီလို ငါး အသေးခြောက်တွေ ပို့ရတာ သိပ်မကိုက်ဘူး။ ကြက်စာ ဈေးပဲရတယ်"ဟု ပြောသည်။  ငါးကုန်းညိုခြောက် လက်ရှိဈေးနှုန်းမှာ တစ်ပိသာ ၈၀၀ ကျပ်ခန့်နှင့် ငါးနီတူခြောက်မှာ ၃၅၀၀ မှ ၄၅၀၀ ကျပ်ခန့် ဖြစ်သည်။

သို့သော် ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရန် မဖြစ်နိုင်သေးသည့်အတွက် သံတွဲမြို့နယ် ငါးနီတူဖမ်းဆီး ထုတ်လုပ် သူများ အစုအဖွဲ့မှ ပြည်တွင်းဈေးကွက်သို့ တင်ပို့ရန် စီစဉ်မည်ဖြစ် သည်ဟု ကျော့ပိုက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ က ပြောသည်။

ref:YPI

No comments:

Post a Comment