Thursday 8 November 2012

ကြွေလွင့်တော့မှာလား ကြိုကြာသံရေ .....


 
ပြည်သူချစ်သော အဆိုတော်ကိုခင်မောင်တိုးခေါ်ကိုတိုးကြီး၏ ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေ သည်(သို့)ကွယ်လွန်သွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

အဆိုတော် ကိုခင်မောင်တိုး(ခ)ကိုတိုးကြီး စင်္ကာပူနိုင်ငံတွင် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေရ သည်မှာ မှန်ကန်ကြောင်းသိရသည်။

ဒါရိုက်တာဇင်ယော်မောင်မောင်၏ Facebook စာမျက်နှာတွင် "our favourate singer ko khin mg toe passed away in spore! big loss in myanmar .." ဟု ရေးသားထားသည်ကိုတွေ့ရသည်။


အဆိုတော် ကိုခင်မောင်တိုး(ခ)ကိုတိုးကြီး၏ နောက်ဆုံးထွက်ရှိခဲ့သော သီချင်းတစ်ပုဒ်ဖြစ်သည့် ခွန် အားဖြည့် မိငယ် သီချင်းဖြင့် ဆုတောင်းလိုက်ပါသည်။
 
နောက်ဆုံးထပ်မံ သိရှိရသော သတင်းများအရ စင်ကာပူစံတော်ချိန် ည ၁၁၃၀ အထိ ကိုတိုကြီး အိပ်ပျော်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။သူ့ မိသားစု ပြောကြားချက်အရ  ယနေ့ နေ့လည် ၂ နာရီ(မြန်မာအချိန်) ထိ သက်ရှိထင်ရှားရှိပါသေးကြောင်း သိရှိရပြီး အခြေအနေကတော့ အလွန်စိုးရိမ် ရသော အနေအထားတွင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အသက်ရှင်လျက်ရှိနေချိန်အတွင်း သေဆုံးသည့်သတင်းများ အဆက်မပြတ်ထွက်ပေါ်နေကြောင်း သိရှိရသည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ရကြောင်းနှင့် လောလောဆယ်အချိန်အတွင်း ထိုသေ ဆုံးသောသတင်းများအား ဆက်လက်မဖြန့်ဝေပဲ ရှင်းပြပေးကြပါရန်နှင့် ကျန်းမာရေးအတွက် ဝိုင်းပြီးဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါသည်။




ref:FB

No comments:

Post a Comment