ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု
ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း
(သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း
ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့်
သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏
ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊
ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့
ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ
လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ်
ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို
ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့်
ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း
တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက်
မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည်
ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။
No comments:
Post a Comment