Thursday 8 November 2012

၂ ပတ်ကြာ ဆန္ဒပြမှု ကိစ္စ အလုပ်ရှင်ဘက်မှ သတင်းစာရှင်းလင်းပွဲလုပ်မည်

၂ ပတ်ကျော်ကြာပြီဖြစ်သည့် တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံမှ အလုပ်သမားများ ဆန္ဒပြ သည့် ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင် ဖြစ်သူ ဦးကိုကိုထွေးက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကို နိုဝင် ဘာလ ၈ ရက်နေ့ (ယနေ့) နေ့လည် ၁ နာရီတွင် စမ်းချောင်းမြို့နယ်၊ ဦးဝိစာရ လမ်းရှိ တော်ဝင် စင်တာ တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။


အလုပ်ခွင့်သို့ ပြန်ဝင်ခွင့်ရရေး၊ စက်ရုံရှိ အလုပ်သမားများကို ဆောက်လုပ်ရေးအလုပ်များသို့မပို့ရေး အစရှိ သ ည့် အချက် ၅ ချက်ကို တောင်းဆိုကာ ရွှေပြည်သာ၊ ၀ါးတစ်ရာစက်မှုဇုံရှိ တော်ဝင်ပရိဘောဂ စက်ရုံမှ အလုပ်သမားများ အောက်တိုဘာ ၂၄ ရက်နေ့မှစတင်ကာ ဆန္ဒပြလျှက်ရှိရာ အလုပ်ရှင်ဖြစ်သူ တော်ဝင် ဦးကိုကိုထွေးက မနက်ဖြန်တွင် သတင်းစာ ရှင်းလင်းပွဲလုပ်မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

ယခု ပဋိပက္ခကို အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ်ဦးဝင်းရှိန် ကိုယ်တိုင် နိုဝင်ဘာလ ၃ ရက်တွင်ကြားဝင်ညှိုနှိုင်းပေးခဲ့သော်လည်း တောင်းဆိုချက်များကို အလုပ်ရှင်ဘက်မှ လိုက်လျောနိုင်ခြင်း မရှိသောကြောင့် အလုပ်သမားများအနေဖြင့် ဆက်တိုက် ဆန္ဒပြနေကြခြင်းဖြစ်ကြောင်း အလုပ်သမားများ ၏ပြောရေးဆိုခွင့်ရှိသူ မအိဇာဖြူကYPI သို့ပြောသည်။

တော်ဝင်သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမား ၂၆၈ ဦးအနက်မှ  ၁၀ ဦးမှာ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အစာငတ်ခံကာ ဆန္ဒပြလျှက်ရှိပြီး တောင်းဆိုသည့် အချက်အလက်များ မရမချင်း အသေခံ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အစာငတ်ခံဆန္ဒပြသူ တဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။` ၎င်းသည် အစာ ငတ်ခံ ဆန္ဒပြရာမှ ကျန်းမာရေး ထိခိုက်ခဲ့ရာ ရွှေပြည်သာဆေးရုံတွင်  နှစ်ရက်တာ ကုသမှု ခံ ယူပြီးနောက် ထပ်မံ ၍ အစာငတ်ခံဆန္ဒပြနေသူ ဖြစ်သည်။

ဆန္ဒပြအလုပ်သမားများ၏ စခန်းကို ယနေ့နေ့လည်တွင် မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ်ရှိ အလုပ်သမား ၀န်ကြီးရုံးရှေ့သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သည်ဟု သိရှိရသည်။     ။


ref:YPI

No comments:

Post a Comment