Friday 19 October 2012

သြစီက လောင်စာ ကုမ္ပဏီ Woodside မြန်မာပြည် လာမည်

 

သြစတြေးလျ နိုင်ငံက Woodside Petroleum လို့ ခေါ်တဲ့ လောင်စာကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေကိုတောင်ကိုရီယား ဒေ၀ူး အပြည်ပြည်ဆိုင် ရာ ကော်ပိုရေးရှင်းကြီးနဲ့ တွဲပြီး လုပ်ဖို့ ရှိပါတယ်။

သြစီ Woodsideက ပြောတာတော့ ဒေ၀ူးဘက်က မြန်မာနိုင်ငံအနောက်ဘက် ပင်လယ်၊ ရခိုင်ကမ်းရိုးတမ်း မှာ ရှိတဲ့ လုပ်ကွက်(ဘလော့ဂ်× အမှတ် AD-7 မှာ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းပေးမယ်လို့ သဘော တူခဲ့ကြောင်းသိရသည်။ နောက်ထပ် ဒေ၀ူးရဲ့ ရွှေ လုပ်ကွက်ဖွံ့ဖြိုးရေးအတွက်လည်း ပါတယ်လို့ ဆိုတာကို ရိုက်တာ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်ရေး အောက်ကနေ ပွင့်လင်းစပြု လာတဲ့ မြန်မာနိုင်ငံမှာ Woodside လို့ သြစီ ကုမ္ပဏီက ခြေတလှမ်း ၀င်လိုက်သလို အခြား အနောက်နိုင်ငံများရဲ့ စွမ်းအင်ကုမ္ပဏီတွေက လည်း မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ စိတ်အားထက်သန်နေကြပါသည်။

“ရခိုင်ကမ်းရိုးတမ်း ရေနက်ဆိပ်ကမ်းက ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရှာဖွေတဲ့ နေရာတွေထဲမှာ စိတ် လှုပ်ရှားစ ရာ ဧရိယာ တခု ပဲ” လို့ The Woodside ကုမ္ပဏီ အမှုဆောင်ချုပ် Peter Coleman ကုမ္ပဏီရဲ့
ကြေညာချက်မှာ ဆိုထားသည်။

Woodside ဟာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ပိုင်ခွင့် လေလံတွေ ရဖို့ ကြိုးစားနေကြတဲ့ နာမည် ကြီး လောင်စာ ကုမ္ပဏီ တွေ ဖြစ်တဲ့ ConocoPhillips၊ Hess Corp၊ Royal Dutch Shell၊ BP and BG Group တွေထဲမှာပါဝင်သည်။

အနောက်နိုင်ငံ ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှု၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းကာကာမှု၊ လူမှု ဆိုးကျိုး မဖြစ်ပေါ် ရေးဆိုတဲ့ တင်းကျပ်တဲ့ စံနှုန်းတွေကို အစိုးရက ထုတ်ပြန်ထားတာကြောင့် ဒါတွေအပေါ် Woodside က သဘောထား မှတ်ချက်ပေးဖို့ ငြင်းဆို ခဲ့တယ်လို့ သိရပါသည်။

ဒေ၀ူးနဲ့ Woodside တို့ဟာ ရခိုင်ပြည်နယ် ကမ်းလွန် လုပ်ကွက်၊ စမ်းသပ် ရှာဖွေရေး လုပ်ဖို့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ အစမ်းတွင်းတွေ လုပ်ဖို့ အစီအစဉ်ဆွဲထားကြောင်း သိရှိပါသည်။

ref:ဧရာဝတီသတင်း

No comments:

Post a Comment