Friday 19 October 2012

"ကိုယ်စားလှယ်တို့၏မေးခွန်းများ စာဖြင့်ဖြေကြားခြင်းကို မလိုလားဟုဆို"

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းကို အစိုးရ၀န်ကြီးဌာ နများမှ ကိုယ်တိုင်လာေ ရာက်ြေ ဖကြားခြင်းမရှိဘဲ စာဖြင့်ပေးပို့ ဖြေကြားခြင်းကို ကိုယ်စားလှယ် အချို့ ကြုံတွေ့နေရကြောင်းသိရသည်။"

ကျနော်တို့မေးတဲ့ မေးခွန်းဟာကိုယ့်အတွက် မေးနေတာမဟုတ်ပါဘူး၊ဒေသခံ ပြည်သူတွေအတွက် လိုအပ် လို့ မေးတာပါ ၊အကျယ်တ၀င့် မဖြေဘဲ စာနဲ့ ရေးဖြေလာတာကို မလိုလားပါဘူး၊ ရုပ်သံတွေ မီဒီယာတွေ ကတဆင့် ကြည့်နိုင်ဖတ်နိုင်မှ အဆင်ပြေမှာပါ၊ခုဆိုရင်စိုက်ပျိုးရာသီပြန်ရောက်နေလို့ အရေးကြီးလို့မေး ရတာပါ"ဟု ဒိုက်ဦးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ယနေ့တွင်ပြောသည်။
ယင်းကဲ့သို့စာဖြင့်ဖြေကြားသော မေးခွန်းအချို့သည် လွှတ်တော်မှ သတ်မှတ် ထားသော ကြယ်ပွင့်ပြမေး ခွန်း များပါဝင်ကြောင်းသိရသည်။ ဦးမင်းဆွေ ၏ မေးခွန်းမှာ ဒိုက်ဦး၊ညောင်လေး ပင်နှင့် ကျောက်တ ခါးမြိုနယ်များရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်ပျိုးရာ လယ်ယာမြေ တစ်သောင်းကျော်တွင်ငမြှောင်တောင်ပိုး ဖျက်ဆီး မှု ခံရသောကြောင့် မည်ကဲ့သို့ကာကွယ်ရမည်ကို သိလိုကြောင်း မေးမြန်းခြင်းဖြစ်သည်။အဆိုပါမေးခွန်းအား လယ်/ဆည် ဒုဝန်ကြီး ဦးအုန်းသန်းက ယင်းကဲ့သို့ စာဖြင့်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဒီချုပ် ကိုယ်စား လှယ် တစ်ဦး၏ မေးမြန်းချက်ကိုလည်း စာဖြင့်သာ ဖြေကြားထား ကြောင်းသိရသည်။

ref:Popular

No comments:

Post a Comment