Friday 19 October 2012

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားချက်အရ နိုင်ငံခြား ငွေစက္ကူများလဲလှယ်မှုနှင့်ပတ်သက်ပြီး ထုတ်ပြန်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားချက်အရ ၂၂-၁၀-၂၀၁၂ (တနင်္လာနေ့)မှ စတင်ပြီး AGD bank ၏ ငွေလဲကောင် တာများတွင် အောက်ပါအခြေအနေရှိသော နိုင်ငံခြား ငွေစက္ကူများမှလွဲပြီး ကျန် နိုင်ငံခြားေ ငွ စက္ကူများကို စက်ဖြင့်သာ ငွေတုငွေစစ်ခွဲခြားပြီး လက်ခံပေးတော့မှာဖြစ်ပါတယ်။

(က) စုတ်ပြဲ၊ ပေါက်ပြဲနေသော ငွေစက္ကူများ
(ခ) တိပ်(Tape) ကပ်ထားသော ငွေစက္ကူများ
(ဂ) အသုံးမပြုရန် သက်ဆိုင်ရာမှ (အခါအားလျော်စွာ) ထုတ်ပြန်ထားသည့် ငွေစက္ကူများ
(ဃ) နံပါတ်မတူငွေစက္ကူများ (ငွေစက္ကူတစ်ရွက်တွင် နံပါတ်နှစ်နေရာ ပုံနှိပ်ထားပါတယ်။)
(င) ဆွေးမြေ့၊ မီးလောင်၊ ပိုးမွှားကိုက်၊ ကျွတ်ဆတ်ငွေစက္ကူများ
(စ) ပန်းရောင်အဆင်းရှိ မှိုစွဲကပ်နေသော ငွေက္ကူများ

ယခုလက်ခံလို့မရသော ငွေစက္ကူအခြေအနေများတွင် (က) မှ (င) အထိမှာ လက်မခံ ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားထားသော အခြေအနေများဖြစ်ပြီး၊ (စ)မှာ ၄င်းပန်းရောင်မှိုများသည် အခြားငွေ စက္ကူများ သို့ပါ ချက်ချင်းကူးစက်ပြီး သုံးမရသည့် အခြေအနေသို့ အားလုံးကို ရောက်ရှိစေလေ့ရှိသောေ ကြာင့် လက်မခံခြင်းဖြစ်ပါတယ်။

အများပြည်သူအဆင်ပြေချောမွေ့စေရန်အတွက် ယခုလို ငွေစက္ကူအခြေအနေများ ကို လျှော့ပေါ့လက်ခံ ခွင့်ပြုပေးသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ref:AGD bank

No comments:

Post a Comment