အမေရိကန်နိုင်ငံမှ အပတ်စဉ်ထုတ် Newsweek မဂ္ဂဇင်းကြီးအား ဒီဇင်ဘာ ၃၁ အထိသာ ပုံနှိပ်ထုတ်ဝေေ တာ့မည်ဖြစ်ပြီး ၂၀၁၃ မှစ၍ အွန်လိုင်းမဂ္ဂဇင်းအဖြစ်သာ ဆက်လက်ရပ်တည်တော့မည်ဖြစ်ကြောင်း သိရသည်။
အပတ်စဉ်ထုတ် Newsweek မဂ္ဂဇင်းကို ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်
စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ အွန်လိုင်းမီဒီယာများ အားကောင်းလာမှုကြောင့်
ပုံနှိပ်မဂ္ဂဇင်းကို ၀ယ်ယူဖတ်ရှုမှုနှုန်း ကျဆင်းလာခြင်း၊ သမားရိုးကျ
ပုံနှိပ်မီဒီယာများတွင် ကြော်ငြာထည့်သွင်းလိုသူ နည်းပါးလာခြင်းတို့ကြောင့်
ဆက်တိုက်အရှုံးပေါ်နေသဖြင့် ပုံနှိပ်ထုတ်ဝေမှုကို
ရပ်နားလိုက် ရခြင်းဖြစ်ကြောင်း Newsweek က ပြောသည်။
အပတ်စဉ်ထုတ် Newsweek မဂ္ဂဇင်းကို ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ အွန်လိုင်းမီဒီယာများ အားကောင်းလာမှုကြောင့် ပုံနှိပ်မဂ္ဂဇင်းကို ၀ယ်ယူဖတ်ရှုမှုနှုန်း ကျဆင်းလာခြင်း၊ သမားရိုးကျ ပုံနှိပ်မီဒီယာများတွင် ကြော်ငြာထည့်သွင်းလိုသူ နည်းပါးလာခြင်းတို့ကြောင့် ဆက်တိုက်အရှုံးပေါ်နေသဖြင့် ပုံနှိပ်ထုတ်ဝေမှုကို ရပ်နားလိုက် ရခြင်းဖြစ်ကြောင်း Newsweek က ပြောသည်။
No comments:
Post a Comment