Friday 19 October 2012

နိုင်ငံတော်သမ္မတကြီး ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံမည့် အစီအစဉ် ထပ်မံပြောင်းလဲခြင်း

ပြန်ကြားရေး ဒုဝန်ကြီးနှင့် နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးတို့၏ ညှိနှိုင်းဆောင်ရွက်ချက် အရ နိုင်ငံတော်သမ္မတကြီးနှင့် သတင်းမီဒီယာများတွေ့ဆုံမည့်အစီအစဉ်ကိုအာက်ပါအ တိုင်း ပြောင်းလဲ လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး က စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေး မှူး ဦးကျော်မင်းဆွေထံ လွန်ခဲ့ သော မိနစ်ပိုင်း အတွင်းက အကြောင်းကြားခဲ့ပါသည်။

ပြောင်းလဲသည့်အစီအစဉ်

နေ့ရက်-၂၁-၁၀-၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် -၁၄း ၀၀ နာရီ (နေ့လည် ၂ နာရီ)
စုရပ် - ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်။

ပြန်ကြားရေး ဝန်ကြီးဌာနသို့ ရောက်ရှိရမည့် အချိန် (မတိုင်မီ ၂ နာရီ ကြိုတင်၍ အရောက် သွားကြရန်၊ နေ့ လည် ၁၂း၀၀ နာရီ နောက်ဆုံးထား၍ သွားရောက်ကြပါရန်) ဖြစ်ပါသည်။

တွေ့ဆုံပွဲ တက်ရောက်မည့် မီဒီယာများကို ပြန်ကြားရေး ဝန်ကြီးဌာနမှ မော်တော်ယာဉ်များဖြင့် သမ္မတ အိမ်တော်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

အဆိုပါ ပွဲသို့ တက်ရောက် သတင်းရယူမည့် သူများအနေဖြင့် စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေး မှူး ဦးကျော်မင်းဆွေထံ ဖုန်းနံပါတ် ၀၉ ၇၃၀ ၆၄၅၉၂၊ ၀၁ ၀၄၉၈၅၈၂၀ သို့ ယနေ့ညနေ (၄) နာ ရီ နောက်ဆုံး ထား၍ စာရင်းပေးသွင်းကြပါရန် နှင့် စာရင်းပေးသွင်းထားသူများအား အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် Express ယာဉ်တစ်စီးအား စုပေါင်းငှားရမ်းမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အပ်ပါသည်။
 
ref:thevoiceweekly

No comments:

Post a Comment