Friday 19 October 2012

"Nokia ရဲ့ ၂၀၁၂ တတိယနှစ်ဝက်စာရင်း ထွက်ရှိလာ"

Nokia ရဲ့ ၂၀၁၂ခုနှစ် တတိယနှစ်ဝက် စာရင်းများထွက်ပေါ်လာရာ Noka ကုမ္ပနီအနေနှင့် $754 million အရှုံးပေါ်ကြောင်း သိရပါတယ်။ သို့ သော်ယမန် နှစ်ဝက်များနှင့် စာရင်တော့ အရှုံးပမာဏ မှာ လျှော့နည်းသွားကြောင်း တွေ့ ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ဝက်စာရင်း ၃ခုတွင် Nokia အနေနှင့် $1 billion အရှုံးပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့ ကြောင့် Nokia မှ အလုပ်သမားဦးရေများ လျှော့ချချင်းများ နှင့် အခြားအသုံး စရိတ်များ လျှော့ချခြင်းများ ပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့  အရှုံးပမာဏ လျှော့နည်းသွားခြင်းဖြစ်သည်။

Nokia အနေနှင့် Lumia ဖုန်းများရဲ့ရောင်းအားလည်း ကျဆင်းသွားပြီးယခုနှစ်ဝက်တွင် 2.9 million သာရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဒုတိယနှစ်ဝက်တုန်းက Nokia အနေနှင့် Lumia ဖုန်း 4 million ကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ယခုနှစ်ဝက်တွင် Nokia အနေနဲ့  Windows ဖုန်းများရောင်းချပေးသောကြောင့် Microsoft စီမှနေ၍ $250 million ရရှိခဲ့သလို Nokia ရဲ့ Nokia Siemens Networks မှနေ၍လည်း $238.5 million အမြတ်ရရှိခဲ့သည်တိုင် $754 million အရှုံးပေါ်နေသောကြောင့် Nokia ရဲ့အခြေအနေမှာ မကောင်းချေ။


Source : GSMArena

ref:Info Tech For Myanmar (IT4M)

No comments:

Post a Comment