Friday 19 October 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော တပ်မတော် သားများနှင့် မိသားစုဝင်များ စစ်တကောင်းမြိ့နယ်ရှိ သံဃာတော်များအား ပေးပို့လှူဒါန်း

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော တပ်မတော် သားများနှင့် မိသားစုဝင်များ ပေးပို့လှူဒါန်းသော လှူဖွယ် ၀တ္တုပစ္စည်း များအား ဘင်္ဂ လား ဒေ့ရှ်နိုင် ငံ ကော့ဘဇားခရိုင် ရာမူးမြို့နယ်၊ တက္ကနပ်ဖ်မြို့နယ်၊ အူခီးယားမြို့နယ်နှင့် စစ်တကောင်း ခရိုင် ပတ်တီး ယား မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သီတင်းသုံး တော်မူကြသည့် ဆရာတော်၊ သံဃာတော် ၁၀၈ ပါး၊ ရှင်သာမဏေ ၃၈ ပါး စုစုပေါင်း ၁၄၆ ပါးတို့ အား ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်တွင် ရာမူး မြို့နယ် ရွာကြီးဘတ် ဘုန်းတော်ကြီး ကျောင်းနှင့် သိမ်ကျောင်း ဘုန်းတော် ကြီး ကျောင်း များ၌ ကျင်းပ ပြုလုပ် ခဲ့သည်။
အခမ်းအနားသို့ ဒေသခံဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ အလှူရှင်များ ကိုယ်စား ရခိုင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးချစ်မောင်နှင့် အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် ဖိတ်ကြား ထားသော ဧည့်ပရိသတ် များ တက်ရောက် ခဲ့ကြ သည်။

အစီအစဉ် အရ ရာမူးမြို့ ရွာကြီးဘတ် ရခိုင် ဘုန်းတော်ကြီး ကျောင်း၌ အောက် တိုဘာ ၁၇ ရက် ဒေသ စံတော်ချိန် ၁ နာရီခွဲတွင် အခမ်းအနား ပထမပိုင်းကို ကျင်း ပပြုလုပ်ခဲ့ရာ အခမ်းအနားအား ကြွရောက် လာကြသော ဧည့်ပရိသတ် အပေါင်းတို့ မှ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရား ကန်တော့ ဖွင့်လှစ်ခဲ့ပြီး ရွာကြီး ဘတ်ကျောင်း ဆရာတော် အရှင်ဦးပညာ ဒီပမဟာ ထေရ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွား သရဇ္ဈာယ်တော် မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော တပ်မတော်သား များနှင့် မိသား စုဝင်များမှ ပေးပို့ လှူဒါန်းသည့် သင်္ကန်း ၇၁ စုံ၊ သပိတ် ၇၁ လုံး၊ ပိဋကတ်သုံးပုံ တစ်စုံ၊ အလှူတော်ငွေ တာကာ တစ်သိန်းတို့အား တာဝန်ရှိသူများမှ ဆရာတော်၊ သံဃာတော် များထံ ဆက်ကပ် လှူဒါန်း ကြသည်။

ယင်းနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားအား ရုပ်သိမ်း လိုက်သည်။

ဆက်လက်၍ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း အခမ်း အနား ဒုတိယပိုင်းအား ဒေသ စံတော်ချိန် ၂ နာရီ ၅ဝ မိနစ်တွင် ရာမူးမြို့ သိမ်ကျောင်း(ဘရူဝါ) ဘုန်းတော်ကြီး ကျောင်း၌ ဆက်လက် ကျင်းပရာ ကြွရောက် လာသော ဧည့်ပရိသတ် အပေါင်းမှ သိမ်ကျောင်း ဆရာတော် အရှင်ရှာ ရားပ ရီ ယောမဟာ ထေရ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြပြီး တာဝန် ရှိသူများမှ သင်္ကန်း ၇၅ စုံ၊ သပိတ် ၇၅ လုံး၊ ပိဋ ကတ်သုံးပုံ တစ်စုံ၊ အလှူတော်ငွေ တာကာ တစ်သိန်းတို့ အား ဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနား အား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ရုပ်သိမ်း လိုက် သည်။

အောက်တိုဘာ ၁၇ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမှူးပြုသော တပ်မတော် သားများနှင့် မိသားစု များမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇား ခရိုင်နှင့် စစ်တကောင်းခရိုင် အတွင်း ဆရာတော်၊ သံဃာတော် များအတွက် လှူဒါန်းမှု စုစုပေါင်း သင်္ကန်း ၁၄၆ စုံ၊ သပိတ် ၁၄၆ လုံး၊ ပိဋကတ်သုံးပုံ နှစ်စုံ နှင့် တာ ကာငွေ နှစ်သိန်း ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment