Friday 19 October 2012

ရန်ကုန် ကားဈေးကွက် အေး၊ စလစ်ဈေး ဆက်မာ

ရန်ကုန် ကားဈေးကွက်အတွင်း အောက်တိုဘာလလယ်တွင် ဈေးကွက် အေးလျက်ရှိသော် လည်း စလစ်ဈေး မှာ မာလျက် ဆက်ရှိကြောင်း ဝယ်/ရောင်း လက်ကြီးသမားများထံမှ သိရှိရသည်။

“စက်တင်ဘာလကုန်ပိုင်းက အရောင်းအဝယ်ရှိခဲ့တဲ့ အင်ဂျင်ပါဝါကြီးကားတွေလည်း အခုရက်ပိုင်းမှာ အရောင်း အဝယ် ပါး သွားပါတယ်။ အင်ဂျင်ပါဝါသေး ကားတွေတော့ ခပ်ပါးပါး အရောင်းအဝယ်ရှိ တယ်။ ဈေးကွက်ကြီး တခုလုံးကိုခြုံပြောရင် အေးသွားတယ်။ မကြာခင်ပြုလုပ်မယ့် ကားအေ ရာင်း ပြပွဲေ တွကြောင့် ဈေးကွက်ဆက်အေးသွားနိုင် ပါတယ်။ အများစုရဲ့ အာရုံက ကားအရောင်းပြပွဲ ကို ရောက် သွားနိုင်ပါတယ်” ဟု ဝါရင့် ကား ဝယ်/ရောင်း ဦးစန်းဌေး က ပြောသည်။
ရန်ကုန် ကားပွဲစားဝိုင်းများတွင် ရောင်းချလိုသူများနှင့် စည်ကားနေပြီး အပေါ်ဝိုင်းတွင် ကိုယ်တိုင် တင်သွင်းပြီးပြန်လည်ရောင်းချသည့် ကားအများအပြား ရှိနေသည်။

“ကားရောင်းသူ တချို့က စက်ခေါင်းကို ဖွင့်ထားပြီး ရောင်းလိုတဲ့ ဈေးနှုန်း၊ ဝယ်သူသိသင့်သည့် အချက်ေ တွ၊ သူရဲ့ ဖုန်းနံပါတ်ပါတဲ့ ကြော်ငြာစာရွက်တွေ ကပ်ထားတယ်။ ရောင်းချတဲ့ ပုံစံ ပြောင်းလာ တယ်။ ပြခန်းမှာ ဝယ်သလို၊ ကြားခံ နည်းသွားတယ်။ စာဖတ်ပြီး ခေါင်းအေးအေးနဲ့ စဉ်းစား ဆုံးဖြတ်ဝယ်နို င်အောင် စီစဉ်ထားတာ တွေ့ရတယ်” ဟု ကားပွဲစားတန်းသို့ ကားဝယ်ရန် သွားရောက်လေ့လာခဲ့သည့် ဦး တင်ထွန်း က ပြောသည်။

လတ်တလော အခြေအနေတွင် အပေါ်ကားဈေးကွက်၌ စလစ်ဈေးကြီး၍ ကိုယ်ပိုင်စီးရန် ဝယ်သူနည်းသွား သကဲ့သို့  နယ်မှ ဝယ်လက်များလည်း ကျဲသွားသည်။

ref:mizzima

No comments:

Post a Comment