Friday 19 October 2012

Model Physique and Fitness Physiqueပြိုင်ပွဲတွင် အေးအေးစိုး တတိယဆုရရှိခဲ့


တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ (၄၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကြံ့ခိုင်မှုအား ကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားသုံးဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။အမျိုးသားတစ်ဦးနှင့်အမျိုးသမီးနှစ်ဦး ၀င်ရောက်   ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ အမျိုးသားကာယဗလပြိုင်ပွဲမှာ မြန် မာနိုင်ငံဟာ နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မြန်မာ အမျိုးသမီးတွေကတော့ဒီနှစ်မှ ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။
ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်တယ်ဆိုပေမယ့် မြန်မာအမျိုးသမီးတွေတတိယ ဆုနှင့် ပဉ္စမဆုကို  ရယူနိုင်ခဲ့ ပါတယ်။"အခုလို အာရှအဆင့်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ရယူနိုင်ခဲ့တာဟာမြန်မာအမျိုးသမီးအ တွက်ဂုဏ်ယူရမှာ ပါ။ နောက်ပြီးပြိုင်ပွဲပုံစံဟာ မြန်မာလူမျိုး၊ မြန်မာအမျိုးသမီးတွေအတွက် ခက်ခဲစေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အလှပေါ်လွင်စေမယ့် ၀တ်စုံ တွေကို ၀တ်ဆင်ရလို့ပါပဲ။

အခုမြန်မာ အမျိုးသမီးတွေ သွားရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲကModel Physique and Fitness Physique လို့အမည်ရပြီးကမ္ဘာမှာ ကျင့်သုံးနေတာ တော့` ကြာပါပြီ။အာရှမှာဆိုလည်း မြန်မာတစ်နိုင်ငံ လောက်သာ ၀င်မပြိုင် ဖြစ်တာ။ ကျန်တဲ့ နိုင်ငံတွေက အမျိုးသမီးတွေက နှစ်စဉ်ဝင်ပြိုင်ကြတယ်။ အဲဒီပြိုင်ပွဲမှာ ပြိုင်ပွဲ ၀င်မ ယ်တွေက ရင်၊ တင်၊ ခါး ဘယ်လောက်ဆိုတာမျိုး ပြိုင်ရတာမျိုး မဟုတ်ဘူး။ အမျိုးသမီးတွေ ကိုယ် ကာယကြံ့ခိုင်မှုဘယ်လောက် ရှိလဲဆိုတာပြသ တဲ့ပုံစံပဲ။နောက်ပြီး အဆီပိုတွေရှိလို့မရဘူး။ အကုန်လုံးက ကျစ်လျစ်နေရမယ့်အပြင် နွဲ့နှောင်းနေရမယ်။ယောက်ျားတွေလို တောင့် တောင့်ကြီး ဖြစ်နေ ရင်လည်း အမှတ်လျော့တယ်။ ပြိုင်ပွဲဝင်မိန်းကလေ တစ်ယောက်ဖြစ်ဖို့ တော့ မလွယ်ဘူး။ ယောက်ျားတွေနီးပါးေ လာက် ပင်ပန်းပါတယ်"လို့ အေးအေးစိုးရဲ့ နည်းပြဆရာကိုမောင်မောင်ကြည်က ပြောပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့သူဟာဒီကိုယ်ကာယအားကစားကို လေ့လာ လိုက်စားလာတာ ခုနစ်နှစ်ေ ကျာ်ပြီလို့ သိရပါတယ်။သူရဲ့ပထမဆုံးပြိုင်ပွဲ က တော့ ဇွန်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Mr.Crusher & Ms. Quench ပြိုင်ပွဲလို့ သိရပါတယ်။ ဒီပြိုင်ပွဲမှာ အေးအေးစိုးက ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတွေ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင် တာ ဖြစ်သလိုပဲ ပြိုင်ပွဲ အတွေ့ အကြုံနည်းပါး တဲ့ အေးအေးစိုး အတွက်ကလည်း ဒီပြိုင်ပွဲဟာ သူ့ရဲ့ပထမဆုံးနိုင်ငံတကာ ပြိုင်ပွဲပါ လို့ ဆိုပါတယ်။

သူ့ရဲ့ပြိုင်ပွဲဝင်အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အေးအေးစိုးက "ဒီပြိုင်ပွဲက တကယ်ထူးခြားတဲ့ပြိုင်ပွဲပါ။ကိုယ်ကာယ ကြံ့ခိုင်မှုပြိုင်ပွဲဆိုပေမယ့် ပြိုင်တဲ့ အခါမှာ မော်ဒယ်တွေလိုပဲ ပြိုင်ရတာပါ။ သူတို့ရဲ့ အမှတ်ပေး ပုံက ဆံပင် စတိုင်၊ မျက်နှာ အပြင်အဆင်၊ ကိုယ်နေဟန်ထား၊ ကျန်တာတွေကတော့ ကြွက်သားတွေ ရှိ  သင့်တဲ့နေရာမှာရှိရမယ်။ဒါတွေကို ကြည့်ပြီး အမှတ်ပေးကြ တာဆိုတော့ အစစအရာရာ အကုန်သတိ ထားပြီး ပြိုင်ရတယ်။

"ကျွန်မတို့လို ဩိနူ ဏ့ပျငဆကန အားကစားကို မြန်မာမိန်းကလေးတွေကို လိုက်စားစေချင်တယ်။ပြိုင်ပွဲ ၀င် တစ်ယောက်လောက်ထိ စိတ်မ၀င်စားလည်း ကျန်းမာရေးအရ ပုံမှန်ကစားသင့်ပါတယ်။ဒီကမိန်းကလေးတွေ တွေးကြောက် ကြတာက ဒီလိုကစား လိုက်ရင် လက်မောင်းတို့၊ ပေါင်တို့များအရမ်းကြီးသွား
မလားဆိုပြီးတော့ စိုးရိမ်ကြတယ်။ဒီလို ပုံမှန်ကစားရုံလောက်နဲ့ အဲဒီလောက် မကြီးနိုင်ပါဘူး။ ကျစ်လျစ်ပြီး လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ မိန်းကလေး တစ်ဦးက ကျန်းမာရေး အတွက် အထူးကောင်းမွန်စေနိုင်ပါ တယ်"လို့ အေးအေးစိုး ကပြောပါတယ်။

မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားသမားသုံးဦးထဲမှာ အမျိုးသား (၆၅) ကီလိုမီတာတန်းမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စိုးမိုးအောင် ဆုရရှိခြင်းမရှိကြောင်း သိရပါတယ်။ မြန်မာအမျိုးသားကာယဗလ အားကစား သမားများအနေနဲ့ အာရှအဆင့်ပြိုင်ပွဲ တွေမှာ အောင်မြင်မှု နည်းပါးနေပါ သေးတယ်။"မြန်မာ ကာယဗလအား ကစားသမား တွေ အာရှအဆင့်ပြိုင်ပွဲတွေ မှာ မအောင် မြင်တာဟာ လိုအပ်တဲ့ ဆေးဝါး၊ အစား အသောက်ပစ္စည်း တွေနဲ့ ပတ်သက်ပါတယ်။ တကယ်ဆိုရင် ကိုယ်ကာယအားကစားသမား
တစ်ယောက်အတွက်အစားအသောက်စရိတ်ကအင်မတန်ကြီးမားပါတယ်။တစ်နေ့တာအတွက် စားသောက် ရ  တဲ့ အသားဖိုးက ကျပ်၁၀,၀၀၀ အထက်မှာ ရှိပါတယ်။ဒါလူတိုင်းမတတ်နိုင်တဲ့ ငွေကြေးပမာ ဏပါ။ နောက်ပြီး ချမ်းသာတဲ့ အီရန်တို့ တရုတ်တို့လိုနိုင်ငံမျိုးတွေနဲ့ ယှဉ်ပြိုင်ရတဲ့အတွက်အားနည်းချက်တွေ
ရှိပါတယ်" လို့ ကိုယ်ကာယနည်းပြဦးမောင်မောင်ကြည်က ပြောပြခဲ့ပါတယ်။ ယခုကျင်းပပြုလုပ်တဲ့ (၄၆) ကြိမ်မြောက် အာရှကာယဗလနှင့်ကြံ့ခိုင်မှုပြိုင် ပွဲကြီးကို အာရှကာယဗလအဖွဲ့ချုပ်က ကြီးမှူး ကျင်းပခြင်း ဖြစ်ပါတယ်။အာရှ ကာယဗလအဖွဲ့ချုပ်ကို ၁၉၅၉ ခုနှစ်က မြန်မာနိုင်ငံအပါအ၀င် နိုင်ငံခြောက်
နိုင်ငံက စတင်တည်ထောင်ခဲ့ ကြပြီး အခုအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံ ပေါင်း ၄၀ အထိပါဝင်လာခဲ့ကြပြီး အမျိုးသား၊ အမျိုးသမီးကာယဗလနှင့် ကြံ့ခိုင်မှုပြိုင်ပွဲတွေကိုနှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရှိ
ရပါတယ်။

ref:မန်မာတိုင်း(မ်)

No comments:

Post a Comment