Friday 19 October 2012

မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက်အထင်ကြီးမိဟု အမေရိကန် ပြောကြား

မြန်မာနိုင်ငံ၌ ယနေ့ထိ ဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က အောက်တိုဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့ သည်။

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်သော သတင်း ထုတ်ပြန်ချက် တွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တိုင်းပြည်အတွက် ကြွယ်ဝချမ်းသာပြီး ပြည့်ဝသော ဒီမိုကရေစီအနာဂတ်ဖြစ်ပေါ်ရေးအတွက် ဆက်လက်လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသေးကြောင်း သတိပြုမိပါသည်ဟုလည်း ၎င်းင်းက သတင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် သယံဇာတတူးဖော်ရေး လုပ်ငန်းများတွင်ပွင့်လင်းမြင်သာမှုရှိရေးနှင့်စစ်မှန်သောအမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့တွင် တိုး တက် မှုများ မြင်တွေ့ရန် မျှော်လင့်ပါသည် ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအတွက် မိမိတို့ ကြိုဆိုပြီး က်န္ရွိေ နေသးေ သာ ႏိုင္ငံေ ရးအ ကျဉ်းသားများကို လွှတ်ပေးရန်၊ ကျန်ရှိနေသေးသော မသဲကွဲသေးသည့် အမှုတွဲများကိုလည်း ပွင့် လင်းမြင်သာသော လုပ်ငန်းစဉ်ကျင့်သုံးကာ ပြန်လည်သုံးသပ်ရန်နှင့် လွတ်မြောက်ပြီးဖြစ်သော အကျဉ်း သားေ ဟာင်းများအပေါ် ထားရှိသည့် >ခင်းချက်များကို အဆုံးသတ်ရန် အရေးကြီးသည်ဟု မိမိတို့အေ လးအ နက်ထားပါသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်သည် ၎င်းင်း၏နေပြည်တော်ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင် လွင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ အမျိုး သား ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံမှုများနှင့်ပတ်သက်၍ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က ''အတိုင်း ထက် အ လွန်ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းသောဆွေးနွေးပွဲများ'' ဟု ပြောကြား ခဲ့ပြီး နှစ်ဖက် ပုဂ္ဂိုလ်များသည် နှစ်ဦးနှစ်ဖက်၏တူညီသော အကျိုးစီးပွားနှင့် စတင်ဆောင်ရွက် လျက်ရှိသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးများတွင် ရှေ့ဆက်ကာတိုးပွားလာသော မိတ်ဖက် ဆက်ဆံရေး အခြေအေ နများ ကို ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

 
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်သည် နေပြည်တော်တွင် အောက်တိုဘာလ ၁၆၊ ၁၇ ရက်များက ကျင်းပခဲ့သော ပထမအကြိမ် မြန်မာ-အမေရိကန် နှစ်နိုင်ငံလူ့အခွင့်အရေးဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ် ဆို့မှုများကို ဖြေလျှော့ ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ကြသလို အဆိုပါနိုင်ငံများမှ အစိုးရအဖွဲ့ အကြီးအကဲများ၊ ၀န်ကြီးများ သည် လည်း မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်ခဲ့ကြသည်။

အလားတူ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည်လည်း အမေရိကန်ပြည်ထောင်စုသို့ ပြီးခဲ့သည့်လက သီးခြားစီ သွားရောက်ခဲ့ကြသည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ အမေရိကန်နိုင်ငံခရီးစဉ်ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင် သစ်ကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါသည်ဟုလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ် က နေပြည်တော် ခရီးစဉ်နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
 
ref:EMG

No comments:

Post a Comment