Friday 19 October 2012

Spitfire တိုက်လေယာဉ်တွေဖေါ်ဖို့ သဘောတူ

 

ဒုတိယ ကမ္ဘာဘာစစ် အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထား ခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ် ရေးနဲ့ ပတ်သက်လို့ ဗြိတိသျှ လူမျိုး တိုက်လေယာဉ် ဝါသနာအိုး တဦးနဲ့ မြန်မာ အစိုးရကြား သဘောတူချက် တရပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ် စက်စက် လေယာဉ်တွေ ဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေတွ ထဲမှာပဲ


အဲဒီအတိုင်း ၁၀ မီတာ အနက် တွင်းကြီးတွေ ထဲမှာ မြှုပ်နှံထားတာ ဖြစ်တဲ့ အတွက် ပျက်စီး ယိုယွင်းမှု ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရ ပါတယ်။မြစ်ကြီးနား၊ ရန်ကုန် နဲ့ မိတ္ထီလာ မြို့တွေရဲ့ လေယာဉ်ကွင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ မြှုပ်ထားခဲ့ တာ ဖြစ်ပြီး၊ တူးဖေါ်ရရှိတဲ့ လေယာဉ်တွေ ထဲက တစင်းကို မြန် မာနိုင်ငံ ကို လှူမှာ ဖြစ်တယ်လို့ နှစ်ဘက် သဘောတူ ထားကြောင်း ဗြိတိန် ကုမပဏီနဲ့ ပူးတွဲ တူးဖေါ် မယ့် ရွှေတောင်ပေါ် ကုမ်ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဦးထူးထူးဇော်က ပြောပါတယ်။၁၉၄၀ ပြည့်လွန် ကာလတွေ အတွင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေး စနစ် အောင်မြင်မှု ရခဲ့တာဟာ ဒီSpitfire တိုက်လေယာဉ်ေ တွကြောင့် ဖြစ်ပြီး Spitfire တိုက်လေယာဉ် ကို အမှတ် တရ လက်ဝယ်ထား စုဆောင်း လိုသူတွေ အတော် များများ ရှိနေပါတယ်။

ref:bbc

No comments:

Post a Comment