““ဒီကနေ့ NLD ပါတီက ပေါ်ပြူလာပါတီဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီမှာရှိနေ တဲ့ ခေါင်းဆောင်ကြီး တွေရဲ့ နိုင်ငံရေးသြဇာညောင်း မှုနဲ့ အရှိန်အ၀ါကြီးမှုအပေါ်မှာ လူထုရဲ့ လေး စားထောက်ခံမှု အရပါတီက နာမည်ကြီးနေတယ်။
ဒါပေမဲ့ ပါတီဝင်တွေကိုစနစ် တကျ အင်အားစုစည်းထားတာ
မဟုတ်တဲ့အတွက်ကြောင့် ပါတီ အောက်ခြေ မှာ ပရမ်းပတာဖြစ် နေတာကိုတွေ့ရတယ်။
ဒီပုံစံနဲ့ဆို ရင် ၂၀၁၅ရွေးကောက်ပွဲမှာ မှန်း ချက်နဲ့
နှမ်းထွက် နည်းသွားနိုင် တယ်၊ ဆိုလိုတာက နိုင်မယ် ထင် သလောက်အနိုင်ရမှာ
မဟုတ် ဘူး။ ပါတီရဲ့မူဝါဒ ပိုင်း တွေ မှန် တယ်၊ လုပ်နည်းမမှန်တာ တွေက
လူပုဂ်္ဂိုလ်ပိုင်းတွေကို ပြုပြင် ပြောင်းလဲရေး လုပ်ယူရမယ်။
အဲဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့
နောက်ပိုင်း ပါတီက ထင်သ လောက်အခြေအနေကောင်းမှာ မဟုတ်ဘူး”” ဟု
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ
ဦးကြည်လင်း က ပြောကြား ခဲ့ သည်။
လွန်ခဲ့သည့် ၂၀၁၀ ကြား ဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ၄၄ နေ ရာ အနိုင်ရရှိခဲ့ပြီး လူထု ၏ လေးစားထောက်ခံမှုရရှိခဲ့ သော အင်အားကြီးပါတီတစ်ခု အဖြစ် ရပ် တည် ခဲ့ပြီးဖြစ်သော် လည်း၊ လက်ရှိအောက်ခြေနှင့် အလယ်ပိုင်းတွင်ဖြစ်နေသော ပါ တီတွင်း ပြဿနာများကို စနစ် တကျဖြေရှင်းနိုင်ခြင်းမရှိပါက နောင်လာမည့် ကာလများတွင် လူထု၏ လေးစားကြည်ညို မှု လျော့ နည်းသွားနိုင်ကြောင်း ၀ါ ရင့်နိုင်ငံရေးသမားများက သုံးသပ် ပြောဆိုကြသည်။
News from : The Hot News

No comments:
Post a Comment