Tuesday 2 October 2012

ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာ

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။ 
လတ်တလောတွင် ဖြစ်စဉ် အပြည့်အစုံအား သိရှိရခြင်း မရှိသေးသော်လည်း မကြာမီ ထုတ်ပြန်ဖွယ် ရှိကြောင်း သိရှိရသည်။ အဆိုပါ ဂျုံစက်ရုံဧရိယာအတွင်း သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့များက စက်တင်ဘာလ ၂၄ ရက်နေ့မှယနေ့ (အောက်တိုဘာလ ၂ရက်) အထိ ဆက်လက် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
 
ref:EMG

No comments:

Post a Comment