Tuesday 2 October 2012

ဂျိုးဖြူပိုက်ကြီး အမှိုက်ပုံထဲမြုပ်နေ

Tuesday, 02 October 2012

 
 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နေပြည်သူများ မရှိမဖြစ် လိုအပ်သောရေကို မြောက်ပိုင်း ခရိုင် တစ်ခုတည်းမှာရှိသော ဂျိုးဖြူ ဖူးကြီး၊ လှော်ကား (ခ)သာဓု ကန်နှင့် ယခုနောက်ပိုင်း ငမိုးရိပ်အစ
ရှိသော ရေလှောင်တာ တမံများမှတဆင့် ပြည်သူများထံ သို့ ရေပမာဏမြောက်များစွာ ဖြန့်ဖြူးပေးဝေနေ လျက်ရှိသလို တချို့သောနေရာများတွင် မြေအောက်အ၀ီစိရေများအား ဖြန့်ဖြူးပေးဝေနေလျက်
ရှိကြောင်း လူဦးရေများပြားလာသည့်ရန်ကုန်မြို ပြည်သူများအတွက် လိုအပ် သော ရေရရှိအောင်   ထပ်မံ၍ စီမံကိန်းများတိုးချဲ့ပြီး ငမိုးရိပ် မှရန်ကုန်မြို့သို့ ပိုက်လုံးကြီးများ သွယ်တန်းနေတာကိုလည်းအမှတ် (၃)လမ်း တောက်လျှာက်တွင်တွေ့မြင်ရပါသည်။
၎င်းရေပေး ဝေရေးစီမံကိန်းကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး  ကော်မတီမှတာဝန် ယူပြီး ရေသန့် ဌာန   အဖြစ် တာဝန်ခွဲဝေပေးအပ်ထား ကြောင်းသိရှိရပါသည်။

၎င်းစီမံကိန်းများထဲမှ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားသော ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့ရှိ ဂျိုးဖြူရေလှောင်ကန်မှတဆင့် ရန်ကုန်မြို့သို့ ပိုက်လုံးကြီးများဖြင့် သွယ်တန်း ၍ ရေပေးဝေနေသော ဂျိုးဖြူပိုက်လုံး ကြီးမှာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်နေပြီး ယခုအခါ မကြာခဏ ဂျိုးဖြူပိုက်လုံးကြီးများ ကျန်းမာရေးချို့ယွင်း လာကြောင်း အဆိုပါကျန်းမာရေး ချို့ယွင်းလာရသည့် အကြောင်းအရင်းမှာလည်း ယခင်ကပိုက်လုံးကြီးအား အင်ဂျင်နီယာများမှ နှစ်ရှည်ခံနိုင်ရန် တည်ဆောက် ခဲ့ရာတွင် သေသပ်ကောင်းမွန်ပြီး ပိုက်လုံးကြီး အန္တရာယ် မဖြစ်ပွားလေအောင် ပိုက်လုံးကြီး တစ်ဖက် တစ်ချက်ကို အကွာအဝေးများ ထားရှိသလို ရေဆိုးများအမှိုက်များ မရှိအောင် လိုအပ်သည့် ပိုက် လုံးကြီးကြံ့ခိုင် ရေးစစ်ဆေးရန်အတွက် မီးရထား သံလမ်းငယ်ကို စီမံထားပြီး စစ် ဆေးမှုများ ရှိခဲ့သော် လည်း ယခု နောက်ပိုင်းတွင် အဆိုပါသံလမ်းများ တချို့နေရာများတွင် လုံးဝ မရှိတော့တာတွေ့ရသလို
စစ်ဆေး မှုများ လည်းလုံးဝမရှိတော့ ကြောင်း အဆိုပါဂျိုးဖြူပိုက်လုံး ကြီးဖြတ်သန်းသွားရာ မြို့ရွာရပ် ကွက်များတွင် ဂျိုးဖြူပိုက်လုံးကြီး အား အမှိုက်များရေဆိုးများ မြေကြီးများဖုံးအုပ်နေခြင်း တို့ကို တာဝန်ရှိ သူများမှ စစ်ဆေးဖော် ဆောင်နိုင်ခြင်းမရှိတော့ပဲ တချို့ နေရာများကိုတော့ စက်ယန္တရား ကြီးများဖြင့် တူးဖော်တာတွေ တော့ရှိကြောင်း မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးမှပြောကြားပါသည်။

ပိုက်လုံးကြီး ဖြတ်သန်းရာ မြို့ရွာများတွင် သက်ဆိုင်ရာ ကျေးရွာ အာဏာပိုင်တချို့မှ ဥပဒေကို လက်တစ်လုံး ကြားလုပ်ကာ ပိုက်လုံးသတ်မှတ်ထား သော ဧရိယာတွင် နေအိမ်များ၊ လုပ်ငန်းများ ငှားစားတာတွေ ဖြစ်ပေါ်နေလျက်ရှိကြောင်းအစော ဆုံးဖြစ်ပေါ်မှုကတော့ တာဝန်ရှိ စည်ပင်သာယာမှ ထိန်းသိမ်းရ မည့်ပိုက်လုံးဧရိယာအတွင်း ဆိုင် ခန်းများ ဆောက်လုပ် ရောင်းစား ငှားစားတာတွေ ဈေး အဖြစ်ရောင်း ချနေသည်ကို တွေ့ရှိရပြီး သမိုင်း ၀င် ဂျိုးဖြူပိုက်ကြီးမှာ အမှိုက်ပုံတွင် မြုပ်နေကြောင်း   ဒေသခံတို့ ကပြောကြားလျက်ရှိသည်။

ref:Hot News

No comments:

Post a Comment