Tuesday 2 October 2012

မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖွင့်

ဥဇဘက်ကစ္စတန်မှ ရင်းနှီးမြှုပ်နှံသူတဦးက မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်မှုဆိုင်ရာ ဘဏ်တခုကို တဦးတည်းပိုင်ငွေ အမေရိကန်ဒေါ်လာ ၁ သန်း မ တည်၍ ဖွင့်လှစ်လိုက်ကြောင်း AP သတင်းတွင်   ဖော်ပြ ထားသည်။ 

မစ္စတာ အလီရှာ အလီဆိုသူက မန္တလေးတွင် ဇူလိုင်လအတွင်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မွန်ဂိုလီးယားမှ အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် အဆက်အသွယ်ရှိကြောင်း၊ မွန်ဂိုလီးယားတွင် ယူရေးရှား ကက်ပီတယ် (Eurasia Capital) ဘဏ်ကို ထူထောင်ထားပြီး မြန်မာပြည်တွင် လုပ်ငန်းထူထောင်ရန် မွန်ဂိုလီးယားအတွေ့အကြုံမှ ယုံကြည်မှု ရခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ref:ဧရာဝတီ

No comments:

Post a Comment