Tuesday 2 October 2012

ကြိုသည့်ထုံးကို နှလုံးမူစေ ယူတတ်လေ

မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က အမေရိကပြည်ထောင်စုက ပြန်သွားတော့ရန်ကုန်လေဆိပ်   မှာ     ကြိုဆိုသည့်သတင်း ဓါတ်ပုံတွေ မြင်ရသည် ။ ဇါဂနာများပါလေမလားဆိုပြီး ကြည့်ဖြစ်သည် ။   တော် ပါသေးသည် ။ သူ့ ကို မမြင်တော့အသက်ရှူဖြောင့်သွားမိသည် ။  သူပါလျှင် ပွဲက ကြည့်မကောင်းလှပါ ။

ထူးခြားသည်မှာတိုက်ပုံအနီဝတ်သူများမမြင် ။ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံခြားမှ ပြန်ရောက်ပြီ   ဆိုရင်   တိုက်ပုံအနီဝတ်သူများက ရှေ့ကလက်တားပြီး ကြိုဆိုကြသည်ကို မြင်ရသည် ။ ထို့ ကြောင့် လူ့ အဖွဲ့  အစည်းနှစ်ခု က မြန်မာပြည်မှာ ရှိလေ၏ဟု မှတ်ယူထားပါသည် ။ စိတ်ထဲမှာတော့တခုခုဖြစ်နေသည် ။   စစ်အစိုးရလက်ထက်တုံးကလို ခေါ်ယူခြင်းလားမသိ- သို့ သော်ဆိုတာမျိုး ပါ့ ။ ခုတော့ စစ်အစိုးရလည်း မဟုတ်လို့  ပြောနေတော့ကြိုဆိုသူများမှာ ကိုယ်စိတ်နဲ့ ကိုယ်လာသူများ ဖြစ်ဖို့ များသည် ။

မယုံကြည်သူများကိုတော့ ဇွတ်ယုံခိုင်းလို့ တော့ မရ ။ ကိုယ့်အမြင်နဲ့ကိုယ်စီ ရှိနေကြသည်ဘဲ ။    ကျွန်တော် တို့  ယခုတလော ရန်ကုန်လေဆိပ်ကကြိုဆိုသူများကို မြင်ရသည်မှာ မှတ်လောက်သားလောက် သည့် သခင်္ဏးစာများကိုရထားသည် ။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်နှင့် ယခုသမ္မတကြီး
ဦးသိန်း စိန်၏ အပြန်ခရီးစဉ်ကို မပြောလိုတော့ ။ ပြည်ပမှာတော့ ကိုယ်ကအကောင်ကြီးလို့  ထင်နေသည့်    ဒီမိုကရေစီအတိုက်အခံများ၏ရန်ကုန်ပြန်ခရီးစဉ်တို့ မှာ တချို့ ကြိုဆိုသူမဲ့ ဖြစ်နေသည်ကို မြင်ရသည် ။

ဧရာဝတီမှ အယ်ဒီတာအောင်ဇေါ်ဆိုလျှင် ကြိုဆိုသူ တယောက်တလေမျှ မမြင်တွေ့ ရ ။မိဇျိမ္မသတင်း ဂျာနယ် စိုးမြင့်ဆိုလျှင်လည်း အလားတူ ။ သူကားပိုတောင်ဆိုးသေးသည် ။ ယင်းအချိန်က   ပြန်ကြားရေး ဋ္ဌါန၀န်ကြီး ဦးကျော်ဆန်းကိုကျနော်တို့ မှားခဲ့ ပါတယ် တဲ့  ။

ကိုအောင်မျိုးမြင့်ကတော့ မိသားစုတွေနှင့်တွေ့ တော့ငိုပြလိုက်ရှာသည်မှာ မကြည့်ရက်စရာ။    သူ့ ခမြာက လည်း အခြောက်ဆိုတော့ငိုရှာပေလိမ့်မယ်လို့  ခွင့်လွှတ်နိုင်သေးသည် ။ တခုတော့ ရှိသည် ။ကိုအောင် မျိုးမြင့်  က မြန်မာနိုင်ငံလူ့ အခွင့်အရေးဋ္ဌ့ာနဆိုပြီး တကောင်ထဲခြင်္သေ့လို ၀င်သွားပြီး တယောက်ထဲ ရဲရဲဝံ့ဝံ့ပြည်တော် ပြန်သွားခြင်းဖြစ်သည်။ သူများတွေလို အပေါင်းအဖေါ်တွေနှင့် သွားခြင်းမဟုတ် ။ ဒါ့ကြောင့် သူ့သတ္တိကိုတော့ ချီးကြိုးဖြစ်သည် ။ သတ္တိကို ချီးကြူးခြင်းမှာ ယခုအစိုးရကို မယုံနိုင်သေး ၍ဖြစ်သည်  ။    ဒေါ်စောမြရာဇါလင်းမှာ အလွန်လှပသောအိမ်အပြန်ခရီးဖြစ်ခဲ့ သည် ။ ကြိုဆိုသူ မျက်ရည် ကျ သူ ပွေ့ ဖက်သူငိုယိုသူတွေနှင့် ။

မိုးသီးဇွန်ကတော့ သူပြန်ရင် မျက်ရည်ကျပြီး ကြိုဆိုမည့်သူများကို မတွေ့လို့ ဟု သူပြောသွားသည် ။    သူပြန် သွားတော့ တယောက်ထဲ သွားခြင်းမဟုတ် ။လူတွေကိုစုပြီး ခေါ်သွားခြင်းမျိုးဖြစ်သည် ။ အမေရိကပြည်ထောင်စုကမြန်မာနိုင်ငံကို ရောက်သွားတော့ သူတို့ က အမိမြေ ပြန်လည်ထူထောင်ရေးအဖွဲ
့ဆိုပြီး နာမည်နဲ့  လှုပ်ရှားတော့ ကျွန်တော်တို့ က စကားပြောဖြစ်ပါသည် ။ကောင်းပါသည်ပေါ့ ။   ဘာကြောင့်ဆို သူတို့ ကို အကြောင်းသိမို့ ကောင်းပါသည်ထက် ဘာများပြောစရာရှိပါသနည်း ။ မြန်မာ နိုင်ငံမှာ ဗုဒ္ဒဘာသာတွေသွေးချောင်းစီးအောင် လုပ်သော ဟန်ညောင်ဝေ ခရီးကား သူခိုးကျင့်သူခိုးကြံ
ခရီးဖြစ်ရာ မည်သူမျှ ဥရောပဗျူရို ဒါရိုက်တာကြီး ခရီးစဉ်အဖြစ် ကြိုမဲ့သူမရှိ ။ သူကား ရခိုင်လူမျိုးတို့  အတွက် အဓိက မဟာရန်သူပေဘဲ ။

ထူးခြားသည်မှာ မြောက်ပိုင်းကချင် လူသတ်မှုကြီးကား အသံမစဲပဋ္ဌန်းရွတ်ပွဲလို ဖြစ်နေသည် ။    ကာတွန်း တခုမှာ မြင်လိုက်သည် ။ လူသာလာပါပြသနာ မယူလာပါနှင့်တဲ့  ။ မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ
လူတော်လူကောင်းများ လိုအပ်ပါသည် ။ လူတော်သော်လည်း လူကောင်းများ မဟုတ်ကနိုင်ငံတော် သည် ကျွန်တော်တို့ လိုချင်သော ဒီမိုကရေစီစနစ်ဆီသို့ ရောက်ရှိနိုင်မည် မဟုတ်။ဝန်ကြီးဦးစိုးသိန်းနှင့် ကျွန်တော် တို့  တွေ့ဆုံပွဲမှာ ပညာတတ်များ လိုအပ်ပါသည်ဟု ပြောသွားသည် ။ အညံ့စားများသာရှိလျှင် အညံ့စား ကိုယ်  စားလှယ် အညံ့စားလွှတ်တော် အညံ့စားအစိုးရ ရှိပြီးပညာတတ်သူရှိလျှင် ပညာတတ်   လွှတ်တော် ပညာ တတ် အစိုးရ ရှိမည်ဟု ပြောသွားသည် ။

နိုင်ငံရေးစကားမှာ ပြည်သူတို့ သည် သူတို့ နှင့် ထိုက်တန်သောအစိုးရကိုသူတို့ ရရှိကြသည်ဟု ဖွင့်ဆို  ထားသည် ။ ၄င်းစကားကို ၀န်ကြီးဦးစိုးသိန်းပြောဆိုသွားခြင်းဖြစ်သည် ။ပြည်သူ့ အသံကို နားထောင်လို   သည်ဆိုသော အစိုးရသည် ပြည်သူများ၏မျက်ရည်များဖြင့် ရေးဖွဲ့ ထားသော တိုင်ကြားစာများကို တရား ဥပဒေခွင်သို့ ယူဆောင်သွားရန်လိုသည် ။ ယခုအချိန်တွင် ရခိုင်လူထုတရပ်လုံးက သူတို့ ၏တောင်းဆိုချက်   ၁၈-ကို တင်ပြတောင်းဆိုထားသည် ။၎င်းတောင်းဆိုချက်များသည်ကား ရခိုင်လူမျိုးတို့  ၏ နှလုံးသည်း ပွတ်ထဲမှစီးကျလာသော မျက်ရည်များ ရင်ခုန်သံများဖြစ်သည် ။ ယင်းရင်ခုန်သံများကိုအစိုးရမှ တိတိ ကျကျ ကိုင်တွယ်ပေးရန်လိုသည် ။ ၀န်ကြီးဦးစိုးသိန်းကိုလည်းပြောဖြစ်အောင် ပြောလိုက်ပါသေးသည် ။

သမ္မတကြီး ဦးသိန်းစိန်၏ အိမ်အပြန်ခရီးကားကျန်းကျန်းမာမာ နှင့်ဘေးမသီ ရန်မခဘဲ ရောက်ရှိ   လာပြီဖြစ် သည် ။ ကုလသမ္မဂ ညီလာခံတွင်မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လီစီများကို ချပြခဲ့ ခြင်းနှင့်
မြန်မာနိုင်ငံ၏ ရပ်တည်နေသော နိုင်ငံခြားရေးအခြေအနေများကိုတင်ပြနိုင်ခြင်းမှာ မည်သူမျှ စောဒက တက်၍ မရခဲ့ ခြင်းကပင်လျှင်အောင်မြင်ရေးခရီးစဉ်တခုဟု သုံးသပ်ကြသည် ။ အထူးသဖြင့် ဤသို့
့အောင်မြင်သောခရီးစဉ်ကြောင့် ကုလသမ္မဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက-OIC- ဆိုသော မွတ်ဆလင်   အဖွဲ့ ချုပ်ကို မြန်မာနိုင်ငံ၏တိုးတက်ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေအဖြစ် ရှုပ်ထွေးအောင်မပြုလုပ်မိရန် သတိပေးဖြစ်အောင် ပေးလိုက်သေးသည် ။ ယင်းသို့သတိပေး လိုက်ခြင်း မှာ     ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးများ၏ တိုက်ခိုက်စော်ကားခံနေရသော ပကတိလက်ရှိမျက်မှောက် အခြေ အနေများကို သံတမန်နည်းအရပြောဆိုလိုက်ခြင်းဖြစ်သည်။ 
ထို့ ကြောင့် သမ္မတကြီး ဦးသိန်းစိန်၏အိမ်အပြန်ခရီးမှ အနားယူပြီး အချိန်တွင်ကား - OIC- ရုံးခမ်းကို
မဖွင့်လှစ်ပေးရန် တောင်းဆိုသံများ နိုင်ငံအနှံ့ ဆန္ဒပြမှုများနှင့်ရင်ဆိုင်တွေ့ ကြုံရဘွယ်ရှိသည် ။ လက်ပန်တောင်းတောင် ၊ ကြေးနီတောင် ၊လယ်ယာမြေပြသနာတို့ ကား သမ္မတကြီးအတွက် စီတန်းဖြေရှင်း ရမည့် ပြည်သူ့အသံများဖြစ်နေရာ ကြိုသည့်ထုံးကို နှလုံးမူစေ ယူပါလေ ဟုတင်ပြလိုက်ရ  ပါသည် ။။။။
 
ref:yeyintnge

No comments:

Post a Comment