Tuesday 2 October 2012

ယခုနှစ် စံချိန်တင် မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့သစ် ရေလွှမ်း

၂၀၁၂ ခုနှစ်အတွင်း အောက်တိုဘာလ ၃၀ ရက်နေ့ စံချိန်တင် မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့မြို့သစ် ဧရိယာ အတွင်း ရေလွှမ်းပြီး ရေဘေး ကယ်ဆယ်ရေး စခန်း များ ဖွင့်လှစ်ထား ရကြောင်း အဆိုပါ မြို့သစ်နေ မန္တလေး ဒေသခံများက  ပြောကြားသည်။

အဆိုပါ ရေလွှမ်း ခံရလျက် ရှိသော မန္တလေးမြို့သစ် ဧရိယာများမှာ- ချမ်းမြသာစည် မြို့နယ်ရှိ အောင်ပင် လယ်   ရပ်ကွက်၊ အောင်သာယာ ရပ်ကွက်၊ကံသာယာ ရပ်ကွက်၊ မြရည်နန္ဒာ ရပ်ကွက်၊ ထွန်တုံး ရပ်ကွက် တို့ ဖြစ်ကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သိုးခြံဘူတာ အနီး လမ်းမကြီးအချို့ တွင် ရေနစ်မြှုပ်လျက် ရှိ ကြောင်း မြရည်နန္ဒာမြို့သစ်နေ ဦးအေးကိုက ဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၉ နာရီ ခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးမြို့ စည်ပင် နယ်နိမိတ် အတွင်း ရှိ မြို့နယ် (၇) မြို့မှာ- ရေလွှမ်း ခံခဲ့ရကြောင်း၊ မိုးတိတ်သွားချိန်၌ ကျန်မြို့နယ်များမှာ- ရေတဖြည်းဖြည်း ကျသွား သော်လည်း ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီး တံခွန်မြို့နယ်ရှိ ရပ်ကွက် အချို့ မှာ- ရေလွှမ်း ခံရလျက် ရှိကြောင်း အဆိုပါ ဒေသခံများက ဆိုကြသည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ် ရပ်ကွက်၊ အောင်သာယာ ရပ်ကွက်၊ ကံသာယာရပ်ကွက်၊   မြရည်နန္ဒာ ရပ်ကွက်၊ ထွန်တုံးရပ်ကွက်များရှိ လမ်းမကြီးများတွင် အနိမ့်ဆုံး ၂ ပေကျော်ခန့် ရေလွှမ်းလျက် ရှိကြောင်း၊ အောင်ပင်လယ် ရပ်ကွက် ကြွက်ခဲ ဘုရားဝန်းအတွင်း ရေဘေး ကယ်ဆယ်ရေး စခန်း တစ်ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု (၁၄)စုနှင့် လူဦးရေ (၂၁၀)ဦး ခန့်ရှိကြောင်း မန္တလေး ခရိုင်တွင်းရှိ ပြောရေး ဆိုခွင့်ရှိ ဌာန ဆိုင်ရာ တစ်ဦးက ဆိုသည်။
 
ref:The Voice Weekly

No comments:

Post a Comment