Tuesday 2 October 2012

ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ

အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်း သိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်ပွားပုံမှာ ထိုနေ့က ကျောက်နီမော်ရွာ တောင်ကျော်လမ်းရှိ အသုဘတစ်ခုတွင် ရခိုင်များစုဝေးနေကြစဉ် ဘင်္ဂလီ (၁၀၀)ခန့်က လူစုလူဝေးဖြင့်ကြွေးကြော်၍ ဓာတ်ဆီပုံးများကိုကိုင်ဆောင် ကာ ကျောက်နီမော် ရွာဘက်သို့ မီးရှို့ဖျက်ဆီးရန် ချီတက်လာကြသဖြင့် အသုဘစောင့်နေသူ ရခိုင်များက စစ်တပ်ကို အကြောင်းကြားခဲ့အပြီး တပ်မတော်မှအချိန်မီ ထိန်းသိမ်းလူစုခွဲခဲ့ရသည်။

အဆိုပါဘင်္ဂလီများမှာ ညမထွက်ရအမိန့်ကြောင့် ၄င်းတို့၏ ငါးဖမ်းစက်လှေများ ကုန်းပေါ်သို့တင်မရ၍ သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပန်ပြီးညပိုင်း၌ စက်လှေတွန်းတင်ခဲ့ကြကြောင်း၊ ထိုသို့စက်လှေ တွန်းတင်အပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ သိမ်များ၊ အိမ်များဖျက်ဆီးပြီး လူများကိုသတ်ဖြတ်ခဲ့မှုအပေါ် အောင်ပွဲခံသည့်အနေဖြင့် သောက်စားပျော်ပါးကြရာမှ ယခုကဲ့သို့ လူစု လူဝေးဖြင့် ရခိုင်အိမ်များကိုမီးရှို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

မေလ (၂၈)ရက်နေ့က သပြေချောင်းရွာသူ မသီတာထွေး ကျောက်နီမော်ရွာမှအပြန် ဘင်္ဂလီလူငယ် သုံးဦးက ပစ္စည်းလုယက်၊ မုဒိန်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြို့နယ်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်ရွာများမှာလည်း ဘင်္ဂလီများ၏အကြမ်းဖက် ဖျက်ဆီး၊ သတ်ဖြတ်ခြင်းကို မကြာမီရက်များက ဆိုးရွားစွာခံစားခဲ့ကြရသည်။

ref:arakantimes

No comments:

Post a Comment