Tuesday 2 October 2012

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

Tuesday, 02 October 2012

 ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အခန်းအတွင်း   သေဆုံး မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊ ၇ရပ်ကွက်၊ ကမ္ဘာအေးဘုရား လမ်းရှိ မီကာဆာဟိုတယ်၊ သုံးလွှာ၊ အခန်းအမှတ်---တွင် သေ ဆုံးသူမှာ Mr. James Allen Hagler (အမေရိကန်နိုင်ငံသား)၊ ၅၉နှစ်၊ (ဘ) Mr. Hagler, Passport No.452056579, Visa No. I.065812, Daewoo International Corp Myanmar E&P, Senior Drilling Engineer (တွင်း တူးအင်ဂျင်နီယာ)၊ ၆မိုင်ခွဲ၊ IBC ရုံး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးကုမ္ပဏီ (တောင်ကိုရီးယား)၊ လိပ်စာ Awattra Sdnbhd Lot. 144- 14th Floor, WUMA COSWAY JAIAN RRAJA CHULAN KUALALUMPUR 50200 WILLAWAH RERSEUTUAN MALAYSIAဲ ဖြစ်ပြီး ကုတင်ပေါ်တွင် အကျီမပါပဲ ဘောင်းဘီ တိုဝတ်ဆင်လျက် သေဆုံးလျက်ရှိကြောင်း သိရှိရသည်။

သေဆုံးသူသည် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ ထိ တည်းခိုနေ ထိုင်သူဖြစ်ကြောင်း သိရှိရသည်။

အလောင်းအား ရန်ကုန်ဆေးရုံ ကြီးသို့ ပို့အပ်ရာ ပီအာရ်-၀၇၉ဖြင့် လက်ခံထားရှိသောကြောင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရန်ကင်းရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ref:Eleven Media Group

No comments:

Post a Comment