Tuesday 2 October 2012

i-Phone 5 နာနို Sim Card များအတွက် ဖုန်းဆိုင်များက ၀န်ဆောင်မှုပေးမည်

2 Oct, 2012
 


Apple မှ နောက်ဆုံးထုတ်လုပ်သည့် i-Phone 5 အတွက် နာနို Sim Card များပြုလုပ်ရန် ပြည်တွင်းရှိ နာမည်ကြီး ဖုန်းဆိုင်အများစုမှ ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း KMD mobile Corner က သိရှိရသည်။

Apple မှထုတ်လုပ်ထားသော i-Phone 5 တွင် ထည့်သွင်း အသုံးပြုသော ဆင်းကဒ်အမျိုးအစားများမှာ Nano Sim Card အမျိုးအစား ဖြစ်ပြီး ပြည်တွင်း လက်ရှိအသုံးပြုနေသော ဆင်းကဒ်သည်  Micro မိုက်ခရို ဆင်းကဒ် အမျိုးအစားဖြစ်သောကြောင့် i-Phone 5 သည် ပြည်းတွင်းတွင် သုံးစွဲနေသော လက်ရှိဆင်းကဒ် အရွယ်အစား နှင့် မတူညီခြင်းကြောင့် တိုက်ရိုက်အသုံးပြု၍ မရသည့် အနေအထားဖြစ်သည်။


ထို့ကြောင့် ၎င်းဆင်းကဒ်များအား i-phone 5တွင် ထည့်သွင်းအသုံးပြုနိုင်ရေး လိုအပ်သည့်  ပြုပြင်မှုများ    ပြုလုပ်ပေးမည့် ၀န်ဆောင်မှုများအား ဖုန်းအရောင်း ဆိုင်များမှ ၀န်ဆောင်မှုပေးခြင်းဖြစ်သည်။

လက်ရှိတွင် Appleကုမ္ပဏီအနေဖြင့် ၄င်းတို့၏ ထုတ်ကုန်များကို ပြည်တွင်းရှိ အရောင်းဆိုင်များတွင် တရားဝင် ကိုယ်စားလှယ်အဖြစ် ရရှိရေး ဆောင်ရွက် လျက်ရှိသည်။

“ယခုလက်ရှိမှာ Internal Memory ပါဝင်မှုဟာ 16 G နဲ့ 32 G အထိသာ ပြည်တွင်းသို့ ၀င်ရောက်နေပြီး    64 G အနေနဲ့တော့ ပြည်တွင်းကို မရောက်ရှိသေးဘူး” ဟု KMD mobile Corner မှာ mobile တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ပြည်တွင်းသို့ ယခုလ(၂၃)ရက်နေ့မှ စ၍ iphone 5 ဖုန်းများ စတင်ဝင်ရောက် လျက်ရှိသည်။

လက်ရှိတွင် i-phone 5 ဈေးနှုန်းများမှာ Pre-order စနစ်ဖြင့် မှာယူမှုပါက 16 G အတွက်ကို ငွေကျပ် ၈ သိန်း ၆ သောင်း ၅ ထောင်နှင့် 32 G အတွက်ကို ငွေကျပ် ၉ သိန်း ၇ သောင်း ၅ ထောင် ဈေးနှုန်းဝန်းကျင်
ပေါက်ဈေးရှိကြောင်း သိရသည်။

“၀ယ်တော့ ၀ယ်ချင်တယ်။ ဒါပေမယ့် ဒီဆင်းကဒ်ကြီးကို Nano sim card အဖြစ် လုပ်မှာဆိုတော့၊ သူများတွေ အဆင်ပြေမှ ၀ယ်ကိုင်လို့ရတော့မှာ” ဟု လှည်းတန်းနေ i-phone 5 အသုံးပြုလိုသူတစ်ဦး က ပြောသည်။

ပြည်တွင်း၌ i-phone 5 မှာ ငါးသိန်းနှင့်နှစ်သိန်းတန် GSM ဆင်းကတ် များဖြင့်သာ သုံးစွဲရန် အဆင်ပြေ ပြီး၊    ယခင်(၁၅)သိန်းတန်GSM များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ်လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

i-phone 5 ရဲ့ ဆင်းကတ်ဆိုဒ်မှာ 1.5 mm ရှိသဖြင့် ၁၅ သိန်းတန် GSM ကဒ်မှလွဲ၍ ကျန်သည့် GSMကဒ်များ အကုန်ထည့်သုံးနိုင်ကြောင်းကိုလည်း သိရှိရသည်။

ref:Myit Makha Mediagroup

No comments:

Post a Comment