Tuesday 25 September 2012

ဦးညိုအုံးမြင့် (NLD-LA) အဖွဲ့ဝင်ဟောင်း နှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

ဦးညိုအုံးမြင့် (NLD-LA) အဖွဲ့ဝင်ဟောင်း နှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏အဖွဲ့ဝင် တဦးဖြစ်ခဲ့ဘူးသူ   ဦးညိုအုံးမြင့် အနေဖြင့်လွန်ခဲ့သည့်စက်တင်ဘာလဆန်းတွင်ပြည်တွင်းသို့ဝင်ရောက်သွားပြီးသတင်းမီဒီယာများနှင့်
တွေ့ဆုံဆွေးနွေးခန်းများလုပ်ဆောင်နေမှုနှင့်စပ်လျဉ်း၍အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) ၏  သဘောထားကိုထုတ်ပြန်လိုက်ပါသည်။

၂။ဦးညိုအုံးမြင့်သည် သက္ကရာဇ် ၂၀၀၂ ခုနှစ်ကစတင်၍၂၀၁၂ခုနှစ်ဇူလိုင်လအထိNLD(LA)တွင်  ၀င်ရောက်တာဝန်ယူခဲ့ပါသည်။ ၄င်းအား အဖွဲ့ဝင်အဖြစ်တာဝန်ရှိခဲ့သည့် ကာလများအတွင်း အမျိုးသား
ဒီမိုက ရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၏နိုင်ငံခြားရေးဌာနတာဝန်၊ NCUB တပ်ပေါင်းစုကြီး၏ နိုင်ငံခြားရေး တာဝန်များကို ပါပူးတွဲ ထမ်းဆောင်ရန် တာဝန်ပေးခဲ့ပါသည်။

၃။ဦးညိုအုံးမြင့်အနေဖြင့် ၀န်ကြီးဦးအောင်မင်းဦးဆောင်သည့်ငြိမ်းချမ်းရေးကိုယ်စားလှယ်  အဖွဲ့တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရန်အတွက်၎င်းကိုယ်တိုင်၏ ဆန္ဒအရ သက္ကရာဇ် ၂၀၁၂ခုနှစ်
ဇူလိုင်လ (၇) ရက်စွဲပါစာဖြင့် NLD(LA) ၏ အမှုဆောင် အဖြစ်မှလည်းကောင်း၊အဖွဲ့ဝင်  အဖြစ်မှ လည်းကောင်း နှုတ်ထွက်ခွင့်ပြုရန်တင်ပြလာမူအပေါ်(၂၂ - ၇ - ၂၀၁၂)တွင်ပြုလုပ်ခဲ့ သည့်ဗဟို အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ - ဦးညိုအုံးမြင့်အား NLD(LA)ကပေးအပ်ထားသည့်
တာဝန်အသီးသီးကိုလုံးဝရပ်ဆိုင်း လိုက်ပြီးအဖွဲ့ဝင်အဖြစ်မှပါအပြီး တိုင်နှုတ်ထွက်ခွင့် ပြု လိုက်ပြီးဖြစ် ပါသည်။

၎။ထို့ပြင်NLD(LA) ၏ကိုယ်စားလှယ်အဖြစ် NCUB တပ်ပေါင်းစုကြီးအပါအ၀င် မဟာမိတ် အဖွဲ့  အစည်းအသီးသီးတွင် ဆက်စပ်တာဝန်ပေးထားမှုများအားလုံးနှင့်စပ်လျဉ်း၍လည်း လက်ရှိတာ ၀န်များအားလုံးကို လုံးဝရပ်စဲ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသက္ကရာဇ် ၂၀၁၂ခုနှစ် ဇူလိုင်လ (၂၈) ရက်
နေ့ရက်စွဲ ဖြင့် NCUBတပ်ပေါင်းစုကြီး နှင့် မဟာမိတ်အဖွဲ့အစည်းအသီးသီး သို့တရားဝင်
အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

တပြိုင်နက်တည်းတွင် ဦးညိုအုံးမြင့်သို့လည်းအကြောင်း ကြား ခဲ့ပြီးဖြစ်ပါသည်။ထိုအချိန်မှစတင်၍ ဦးညိုအုံးမြင့်သည် မိမိတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) နှင့် လုံးဝသက်ဆိုင်ခြင်း မရှိတော့ပါ။

၅။ သို့သော် ယခုကာလအတွင်း သတင်းမီဒီယာများတွင်ဦးညိုအုံးမြင့် သည်မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွင်တာဝန်ရှိသယောင်ယောင် ထင်ယောင်ထင်မှားဘွယ် ရာများ တွေ့မြင်နေရပါသည် ။ဦးညိုအုံးမြင့်၏ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်မှုသည်လည်းကောင်း၊ သတင်းဌာနများနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခြင်းများသည်လည်းကောင်း၊ယင်းဆွေးနွေးမှုများ   တွင်၎င်းကိုယ်တိုင် ပြောဆိုခဲ့သည့် အကြောင်းအရာအချက်အလက်များသည် လည်းကောင်း၊အင်တာ ဗျူးပြုလုပ်ရာတွင် ယခင် တာဝန်များကိုပြန် လည်ဖေါ်ပြစေခဲ့မှုများသည်လည်းကောင်း၊တာဝန်ခံ ဖြေကြား သည့်ဦး ညိုအုံးမြင့် နှင့်သာတိုက်ရိုက်သက်ဆိုင်ပြီး၊မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)   နှင့် လည်းကောင်း၊NCUB ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ တပ်ပေါင်းစုကြီးနှင့် လည်း ကောင်းမည်သို့မျှဆက်စပ်ပါတ်သက်ခြင်းမရှိကြောင်း တိတိလင်းလင်းကြေညာ အပ်ပါသည် ။

၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သည်၊ ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄)
ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးဗဟိုဌာနချုပ် (မာနယ်ပလော) တွင် စတင်တည်ထောင်ခဲ့သည့် အချိန်မှစတင်၍ ယနေ့အထိတိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအင်အားစုအဖွဲ့အစည်းအသီးသီး   နှင့်လည်းကောင်း၊ညီနောင် ဒီမိုကရေစီအင်အားစုများနှင့်လည်းကောင်း၊ခိုင်မာစွာလက်တွဲပြီး    မြန်မာနိုင်ငံ၏သမိုင်းပေးတော်လှန်ရေးတာဝန်များကို စဉ်ဆက်မပြတ်ထမ်းဆောင်နေသော
အဖွဲ့အစည်းတရပ်ဖြစ်ပါသည်။

၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေဖြင့် တော်လှန်ရေးဖြတ်သန်းမှုကာလ  တလျှောက်ကြုံတွေ့ခဲ့ရသည့်ဆိုးကျိုး၊ကောင်းကျိုးမှန်သမျှအချက်တိကျခိုင်လုံသည့် အချက်အလက်   အထောက်အထားများဖြင့် နိုင်ငံတော်နှင့် ပြည်သူတရပ်လုံးသို့လိုအပ်သည့်အချိန်တွင်ရှင်းလင်းတင်ပြသွား မည်ဖြစ်ပါသည်။

၈။ သို့ဖြစ်ပါ၍ ဦးညိုအုံးမြင့်အနေဖြင့် ယခုကဲ့သို့သော နားလည်မှုရူပ်ထွေးစေသည့် သတင်းဌာန
များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခြင်း နှင့် ယင်းဆွေးနွေးချက်များပါ အကြောင်းအရာဖေါ်ပြမှု များနှင့်
အချက်အလက်များသည် မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်း နှင့် အဖွဲ့အစည်း၏တာဝန်ရှိသူတဦးအနေဖြင့်
တာဝန်ရှိမှုအရ လုပ်ဆောင်ခဲ့မှုများ (လုံးဝ) မဟုတ်ပါကြောင်းသိသာနိုင်ရန် ထုတ်ပြန်လိုက် ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရက်စွဲ - ၂၀၁၂ခုနှစ် စက်တင်ဘာ (၂၅) ရက်။

ဆက်သွယ်ရန် - ဦးမြင့်သိဏ်း -
အတွင်းရေးမှူး (ဖုံး - ၀၈၄ ၄၅၆ ၅၅၈၃ )
http://www.nldla.net/

No comments:

Post a Comment