Tuesday 25 September 2012

ဂျစ်ကားနှင့် ဆိုက်ကား ဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟ


ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ယခင်က လူကြိုက်များ ကာ အရောင်း အဝယ်ဖြစ်ခဲ့သော ဂျစ်ကားများသည် ယခုအခါဈေး ကျဆင်းလာသောကြောင့် ဂျစ်ကား နှင့် ဆိုက်ကားဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟကြောင်း ဟံ သာဝတီကားပွဲစားတန်းထံမှသိရ သည်။


"ကားဝင်းထဲမှ ဂျစ်ကားက ဈေးကွက်ပျောက်နေတယ်။ ဝယ်လို အားလည်း နည်းသွားပြီ။ ဂျစ်ကား တွေကို စက်မှုဇုန်တွေက ၂၀ဝ၄/ ဝ၅ လောက်ကစပြီး ထုတ်လုပ်ခဲ့ တာပါ။ အခု ဆိုက်ကားဈေးနဲ့ ယှဉ်လိုက်မယ်ဆို ရင် ၁၀သိန်းဝန်း ကျင်လောက်ပဲကွာမယ်ထင်တယ်" ဟု ဟံသာဝတီကားပွဲစားတန်းမှ ဝါရင့်ကားပွဲစား ဦးသိန်းထွန်း က ဆို သည်။ ရှမ်းစတားဂျစ်များသည် စက် မှုဇုန်ဂျစ်ကားထဲတွင် အရင်ဆုံးပေါ် ထွက်လာပြီး လူကြိုက်များကာ ကျပ်သိန်း၉၀ဝန်းကျင်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုအခါ ဈေး ကွက်ပျောက်ကာ ဝယ်လိုသူ နည်းပါးသောကြောင့် ကျပ် ၃၅ သိန်းခန့်သာဈေးပေါက်နေကြောင်း ထီလာဂျစ်တစ်စီးလျှင် ၃၅ သိန်း ဝန်းကျင်၊ ဒဂုံဂျစ်တစ်စီးလျှင် ၄၅ သိန်းဝန်းကျင်၊ ရာဇာဂျစ် တစ်စီး လျှင် သိန်း ၄၀ ခန့် ဈေးပေါက်နေ ကြောင်း ယခင်က ဒဂုံဂျစ်သည် လူကြိုက်အများဆုံးဖြစ်ခဲ့ကာ ရာဇာဂျစ်သည်
   ဒုတိယလူကြိုက်အများ ဆုံး ဖြစ်ခဲ့ကြောင်း ဦးသိန်းထွန်းက ပြောသည်။

ဂျစ်ကားများသည် ယခင်က လူငယ်များအကြား ခေတ်စားခဲ့ပြီး သင်္ကြန်လည်ပတ်ရာတွင် ပေါ်ပြူ လာတစ်ရပ်ဖြစ်ခဲ့ကြောင်း ယခုအခါ ဇိမ်ခံကားတင်သွင်းသူ များပြားပြီး ကားဈေးများ ဆက်တိုက်ကျဆင်း လာသောကြောင့် ဂျစ်ကားဈေး ကွက်ပျောက်ဆုံးရခြင်းဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစတင် ချိန်တွင် ဈေးကွက်အတွင်း လူ ကြိုက်များသည့် စစ်ကျန်ဂျစ်ကား များ အပ်နှံခဲ့ကြကြောင်းသိရသည်။ ယခုအခါ ဆိုက်ကားဈေး ကွက်သည် မြို့တွင်းခြောက်မြို့နယ် ရှိ လိုင်စင်ပါဆိုက်ကား တစ်စီး လျှင် ကျပ် ၂၅ သိန်းဝန်းကျင် ဈေး ပေါက်နေသောကြောင့် ဆိုက်ကား ထောင်စားမည်ဆိုပါက မလွယ်ကူ ကြောင်း ဆိုက်ကားပိုင်ရှင်များထံမှ သိရသည်။ "ကျွန်တော်တို့ လှိုင်မြို့နယ် မှာဆိုရင် လိုင်စင်ပါဆိုက်ကား တစ်စီးကို ကျပ် ၁၅ သိန်းလောက် ရှိတယ်။ ဒေါင်းတောင်မြို့နယ်တွေ မှာဆိုရင်၂၅ သိန်းဝန်းကျင်လောက် ရှိတယ်။ အုံနာကြေးက တစ်ရက်ကို ကျွန်တော်တို့ မြို့နယ်မှာတော့ ၃၀ဝ၀ ခန့်ရှိတယ်"ဟု လှိုင်မြို့နယ် မှ ဆိုက်ကားပိုင်ရှင် ခရစ္စတိုက ဆို သည်။

လှိုင်မြို့နယ်မှဆိုက်ကားသမား တစ်ဦးက နံနက် ၅ နာရီမှစ၍ ည ၇ နာရီဝန်းကျင်ခန့်ထိ ပုံမှန်နင်း မည်ဆိုပါက တစ်ရက်ပျမ်းမျှ ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ရရှိတတ်ကြောင်း ဆိုသည်။ 
ယခုအခါ ပြည်တွင်းကားဈေး ကွက်တွင် မော်ဒယ်မြင့်ကားများ အရောင်းအဝယ်ဖြစ်ကာဈေးအနည်း ငယ်မြင့်တက်လာကြောင်း ဟိုင်း လတ်ဆက် ၉၉ မော်ဒယ် ကျပ်သိန်း ၄၁၀ ဝန်းကျင်၊ ပရာဒို ၉၉ မော်ဒယ် ကိုကျပ်သိန်း ၄၅၀ ဝန်းကျင်၊ ပရာဒို TZ ၉၇ မော်ဒယ်ကို ကျပ်သိန်း ၃၅၀ ဝန်းကျင်၊ပရာဒို TX ၉၇ မော် ဒယ်ကျပ်သိန်း ၃၂၀ ဝန်းကျင်၊ ပရာဒို TX (Limited) ကို ကျပ် သိန်း ၃၅၀ ဝန်းကျင်၊ ဟာရီ ၂၀ဝ၀/ဝ၁ မော်ဒယ်ကို ကျပ်သိန်း ၂၂၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း ဟံသာဝတီ ကားပွဲစားတန်းထံမှ သိရသည်။
 
ref:ရိုးရာလေး

No comments:

Post a Comment