Tuesday 25 September 2012

KIO မှ ကချင်ပြည်နယ်အတွက် သီးသန့် FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်


Tuesday, 25 September 2012


Photo: KIO မှ LAIZA. FM ရေဒီယို အစီစဉ်တစ်ခု စတင်ထုတ်လွင့်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ကချင် ပြည်နယ် နေရာအနှံ့တွင် ဖမ်းယူနားဆင်နိုင်

ရန်ရည်ရွယ်၍ FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသဘောဖြင့် လိုင်ဇာဌာနချုပ်မှ
အစီစဉ်တစ်ခု စတင်ထုတ်လွှင့်လိုက်သည်။


စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ FM ရေဒီယိုအစီအစဉ်ကို KIO လိုင်ဇာဌာနချုပ်မှ အကွာအဝေးမည်မျှနားဆင်နိုင်သည်ကို စမ်းသပ်သောအနေဖြင့် “လိုင်ဇာ ရေဒီယို FM”မှ

သီချင်းများကို ၂၄ နာရီ စတင်ထုတ်လွှင့်လိုက်ခြင်းဖြစ်ကြောင်း KIO ဒု အထွေထွေ

အတွင်းရေးမှူး-၂ ဦးလာနန်က ပြောသည်။


“ကျနော်တို့က ကချင်ပြည်နယ် နေရာတိုင်းက ကြားရအောင် ထုတ်လွှင့်ဖို့ အစီအစဉ်ရှိတဲ့

အတွက်ကြောင့် ဘယ်လောက်ထိ မှီတယ်၊ ရှင်းတယ်ဆိုတာတွေ စက်အင်အား ဘယ်လောက်လုပ်ရမယ်ဆိုတာတွေ စမ်းနေ တဲ့အချိန်ပဲ။


အဲဒါတွေ အကုန်စီစဉ်ပြီးမှ တရားဝင်ထုတ်လွှင့်သွားဖို့ရှိတယ်။ အားလုံးရဲ့အသံကို

ပြန်နားထောင်နေတယ် ဘယ်လိုပြောလာမလဲ ကောင်းကောင်း အတိအကျတော့

မသိသေးဘူး။ မြစ်ကြီးနား ဗန်းမော် ဘက်ကတော့ ကောင်းကောင်းကြားတယ်လို့

သိရတယ်။ သီချင်းလွှင့်တဲ့အနေနဲ့ စလွှင့်နေတာလောက်ပဲ။ စမ်းသပ်ကာလ

လို့ပြောတာပေါ့”


အစမ်းထုတ်လွှင့်နေရာတွင် မြစ်ကြီးနား၊ ဗန်းမော်၊ မိုင်ဂျာယန် အနီးဝန်း

ကျင်ဒေသတ၀ိုက် ဖမ်းယူနားဆင်နိုင်ပြီး အစီစဉ်အရ မကြာမီနောက်ပိုင်း

ပူတာအို၊ အိန္ဒိယနယ်စပ်၊ ဖားကန့်၊ ရွှေဂူ၊ ရှမ်းပြည်နယ်ထိ လုပ်ဆောင်

သွားနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။


ထိုသို့အကောင်အထည်ဖေါ်နိုင်ပါက ကချင်ဘာသာဖြင့် ဦးစွာထုတ်လွှင့်သွား

မည်ဖြစ်ပြီး ထုတ်လွှင့်မည်ကဏ္ဍများတွင် KIO ၏အနာဂတ်လမ်းစဉ်နှင့်အတူ

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်းနှင့်ပတ်သက်ပြီး

သိသင့်သိထိုက်သော အရာများကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း

ဦးလာနန်က ပြောသည်။


“အရမ်းတော့ မျှော်လင့်ထားတယ်။ ဒီရေဒီယိုကြောင့် ဒီနေ့ နိုင်ငံမှာ ဖြစ်နေတဲ့

အခြေအနေတွေ ကျနော်တို့ နိုင်ငံတွင်း ဘယ်မှာ ဘယ်လိုဖြစ်နေတာတွေကို အချိန်မှီ တင်ပြသွားလို့ရအောင် ဖြန့်သွားလို့ရတာတွေရှိလာမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ပြည်သူလူထုလည်း အချင်းချင်း စည်းလုံးညီညွတ်သွားအောင်လည်း ဒီကနေဖြစ်လာဖို့ အကျိုးတော့အများကြီးရှိမယ်လို့ မျှော်လင့်တယ်။


ဒါပေမဲ့ လက်တွေ့ လုပ်ဆောင်သွားတဲ့ အခါမှာ ဘယ်လောက်အဆင့်ထိ လုပ်သွားနိုင်

မယ်ဆိုတာကို နည်းနည်းတော့ စောင့်ကြည့်ရအုံးမယ်။ ဖြစ်လာဖို့လည်း ပြည်သူလူ

ထုတွေ အနေနဲ့ ထောက်ခံတာတွေ အားပေးတာတွေက အများကြီး လိုလိမ့်မယ်

လို့တော့ ထင်တယ်”


အစီအစဉ်ထုတ်လွှင့်ရာတွင် အချိန်နာရီကန့်သတ်ချက်များကိုလည်း ထောက်ခံ

အားပေးသူများနှင့် နားဆင်သူများ၏အကြံပြုချက်ပေါ်မူတည်၍ နံနက် ၆ နာရီမှ

၁၁ နာရီ တစ်ကြိမ်ထုတ်လွှင့်၍ ည ၅ နာရီမှ ၁၁ နာရီထိ တစ်ကြိမ်ဖြင့်၂ ပိုင်း

ထုတ်လွှင့် သွားရန် စီစဉ်ထားကြောင်း သိရသည်။


လိုင်ဇာ FM ရေဒီယိုလိုင်းကို Frequency 89.5 MHz မှ ထုတ်လွှင့်နေပြီး ၎င်းအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIO) အတွင်းရှိ News and Information service

(NIS) အဖွဲ့မှ တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း KIO ဒုအထွေထွေအတွင်းရေးမှူး ဦးလာနန်ကပြောသည်။


အစီစဉ်အနေအထားအရ လက်လှမ်းမှီ ကျွမ်းကျင်လာသည့်အချိန်တွင် ရှမ်းဘာသာစကား၊ နာဂဘာသာစကား၊ ချင်းဘာသာစကားများဖြင့်လည်း ထုတ်လွှင့်သွားရန် စီစဉ်ထားကြောင်း

သိရသည်။


Kachin News Group

No comments:

Post a Comment